မဿဲ 23:26Common Language Bibleမျက်မမြင်ဖာရိရှဲတို့၊ ပန်းကန်ခွက်ယောက်များ အတွင်းဘက်ကိုဦးစွာဆေးကြောကြလော့။ သို့ ပြုလျှင်ပြင်ပသည်လည်းသန့်ရှင်းစင်ကြယ် လာလိမ့်မည်။'' အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိစက်ဆုတ်သည့် အမှုများကို သင်တို့ပြုကျင့်ကြသည်ကို မြင်တော်မူပြီ။ သင်တို့သည်အိမ်နီးချင်း၏ ဇနီးကိုတပ်မက်သူကဲ့သို့၊ မြင်းမကိုတပ် မက်၍ဟီသည့်မြင်းလားကဲ့သို့၊ တောင်ကုန်း များ၊ လယ်ကွင်းများတွင်အရှက်ကင်းမဲ့စွာ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကြ၏။ ယေရု ရှလင်မြို့သားတို့၊ သင်တို့သည်အမင်္ဂလာ ရှိပါသည်တကား။ အဘယ်အခါမှသင် တို့သည်သန့်စင်၍လာကြမည်နည်း။
ကောင်းသောသူသည်ကောင်းသောအရာများနှင့် ပြည့်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ကောင်းသောအရာများကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သူမူကားဆိုးယုတ်သောအရာများ ကိုထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးတွင်ပြည့်လျှံနေသည့်အရာများ ကိုနှုတ်ကမြွက်ဆိုတတ်သောကြောင့်တည်း။
ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။