Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 22:5

Common Language Bible

သို့​ရာ​တွင်​ဖိတ်​ကြား​ထား​သူ​တို့​သည်​မင်း​စေ တို့​ကို​ဂ​ရု​မ​စိုက်​ဘဲ​တစ်​ယောက်​က​လယ်​တော သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​က​မိ​မိ ကုန်​သွယ်​ရာ​သို့​လည်း​ကောင်း​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​လော​တ​သည် မိ​မိ​၏​သ​မက်​လောင်း​များ​ထံ​သို့​သွား​၍``ဤ​အ​ရပ်​မှ​အ​မြန်​ထွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​မြို့​ကို​ဖျက်​ဆီး​တော်​မူ​မည်'' ဟု​တိုက်​တွန်း​လေ​၏။ သို့​ရာ​တွင်​သ​မက်​လောင်း​တို့​သည် လော​တ​ကျီ​စား​ပြော​နေ​သည်​ဟု​ထင်​မှတ်​ကြ​လေ​သည်။

ထို​အ​ခါ​ယာ​ကုပ်​က​မုန့်​နှင့်​ပဲဟင်း​ကို​သူ့​အား ပေး​၍​သူ​သည်​စား​သောက်​ပြီး​လျှင်​ထွက်​သွား လေ​၏။ ထို​သို့​လျှင်​ဧ​သော​သည်​မိ​မိ​၏​သားဦး အ​ရာ​ကို​မ​ထီ​လေး​စား​ပြု​သ​တည်း။

ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။

ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​များ​သည်​တ​ရား တော်​ကို​ကြား​၍​အ​သီး​အ​ပွင့်​မ​ဖြစ်​ထွန်း​စေ နိုင်​သော​သူ​တို့​ကို​ဆို​လို​၏။ သူ​တို့​၏​စိုး​ရိမ်​ကြောင့် ကြ​မှု​များ​နှင့်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု များ​က​တ​ရား​တော်​မျိုး​စေ့​ကို​လွှမ်း​မိုး​သ​ဖြင့် မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်​ချေ။-

မင်း​ကြီး​က `ငါ​၏​ည​စာ​စား​ပွဲ​အ​သင့်​ရှိ​ပြီ။ နွား အ​စ​ရှိ​သည့်​ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​များ​ကို​လည်း သတ်​ပြီး​ပြီ။ အား​လုံး​အ​ဆင်​သင့်​ရှိ​ပြီ​ဖြစ်​၍ မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ကြွ​ရောက်​ကြ​ပါ' ဟု​ဖိတ် ကြား​ထား​သူ​တို့​အား​ပြော​ကြ​လော့​ဟူ​၍ အ​ခြား​မင်း​စေ​တို့​အား​လွှတ်​တော်​မူ​၏။-

ကျန်​သော​သူ​များ​က​မင်း​စေ​တို့​ကို​ဖမ်း​၍ ရိုက်​နှက်​သတ်​ဖြတ်​ကြ​၏။-

ကိုယ်​တော်​က ``ဤ​အ​ရာ​များ​ကို​ယူ​သွား ကြ။ ငါ့​အ​ဖ​၏​အိမ်​တော်​ကို​စျေး​မ​ဖြစ်​စေ နှင့်'' ဟု​ချိုး​ငှက်​ရောင်း​သူ​များ​အား​မိန့်​တော် မူ​၏။-

အ​ခြား​သော​သူ​တို့​မူ ``ဤ​သူ​တို့​သည်​သေ သောက်​မူး​ယစ်​နေ​သူ​များ​ဖြစ်​ကြ​၏'' ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ​၏။

သို့​ရာ​တွင်​ပေါ​လု​သည်​ကောင်း​မြတ်​ခြင်း အ​ကြောင်း​နှင့် ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ သက်​ရောက်​လတ္တံ့ သော​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် အ​ကြောင်း​ကို​လည်း​ကောင်း ဟော​ပြော​သော အ​ခါ​ဖေ​လဇ်​သည်​ကြောက်​လန့်​သ​ဖြင့် ``ယ​ခု သင်​သွား​နိုင်​ပြီ။ နောင်​အ​ခွင့်​ကြုံ​သည့်​အ​ခါ သင့်​ကို​ငါ​ခေါ်​ဦး​မည်'' ဟု​ဆို​၏။-

သို့​တည်း​မ​ဟုတ်​သင်​သည်​ကိုယ်​တော်​၏ က​ရု​ဏာ​ထား​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း​တို့​ကို​မ​ထီ​မဲ့ မြင်​ပြု​ပါ​သ​လော။ ဘု​ရား​သ​ခင်​သည်​သင့် အား​နောင်​တ​ရ​စေ​ရန်​လမ်း​ပြ​ပို့​ဆောင် လျက်​ရှိ​တော်​မူ​သည်​ဖြစ်​၍ ကိုယ်​တော် က​ရု​ဏာ​ထား​ကြောင်း​ကို​သင်​ဧ​ကန် အ​မှန်​ပင်​သိ​၏။-

ဇာတိ​သ​ဘော​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​စိတ် စွဲ​လမ်း​သူ​သည်​အ​သက်​သေ​လိမ့်​မည်။ ဝိ​ညာဉ် တော်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​စိတ်​စွဲ​လမ်း သူ​ကား အ​သက်​ရှင်​သန်​၍​ငြိမ်​သက်​ခြင်း​ကို ရ​ရှိ​လိမ့်​မည်။-

သစ္စာ​ဖောက်​သူ၊ အ​ရမ်း​မဲ့​ပြု​မူ​သူ၊ မာ​န​ကြီး​သူ၊ ဘု​ရား​သ​ခင်​ကို​နှစ်​သက်​သည်​ထက်​ကာ​မ​ဂုဏ် ခံ​စား​မှု​ကို​ပို​၍​နှစ်​သက်​သူ၊-

ဤ​မျှ​ထူး​မြတ်​သည့်​ကယ်​တင်​ခြင်း​တ​ရား တော်​ကို​ငါ​တို့​ဂ​ရု​မ​စိုက်​ဘဲ​နေ​ကြ​ပါ​မူ အ​ဘယ်​သို့​လျှင်​ငါ​တို့​သည်​အ​ပြစ်​ဒဏ် စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။ ထို​ကယ်​တင်​ခြင်း​တ​ရား​တော်​ကို​သ​ခင် ဘု​ရား​ကိုယ်​တော်​တိုင် ဦး​စွာ​ပ​ထ​မ​ဟော ကြား​တော်​မူ​၍​ကြား​နာ​ရ​သူ​တို့​က​ငါ တို့​အား ထို​တ​ရား​တော်​မှန်​ကန်​ကြောင်း​ကို သက်​သေ​ပြ​ခဲ့​ကြ​၏။-

ဤ​မိစ္ဆာ​ဆ​ရာ​တို့​သည်​လော​ဘ​ကူး​လျက် မ​ဟုတ်​မ​မှန်​လုပ်​ကြံ​ပြော​ဆို​ကာ​အ​မြတ် ထုတ်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ​က​ပင်​လျှင်​သူ​တို့ အား​တ​ရား​စီ​ရင်​မည့်​အ​ရှင်​သည်​အ​သင့်​ရှိ​နေ တော်​မူ​လေ​ပြီ။ သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး တော်​မူ​မည့်​အ​ရှင်​သည်​အိပ်​ပျော်​လျက်​နေ တော်​မ​မူ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ