မဿဲ 22:17Common Language Bibleသို့ဖြစ်၍အရှင်အဘယ်သို့ထင်မြင်သည်ကို အကျွန်ုပ်တို့အားမိန့်တော်မူပါ။ ရောမဧကရာဇ် ဘုရင်အားအခွန်ဆက်အပ်ပါသလော၊ မဆက် အပ်ပါသလော'' ဟုမေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့သည်အပြစ်များကူးလွန်သောကြောင့် ဤပြည်မှရသောကောက်ပဲသီးနှံများကို အကျွန်ုပ်တို့အားကိုယ်တော်အုပ်စိုးစေသည့် မင်းတို့ကခံစားရကြပါ၏။ ထိုမင်းတို့သည်အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏ ကျွဲနွားများကိုမိမိတို့ထင်သလိုခိုင်းစေ ကြပါ၏။ သို့ဖြစ်၍အကျွန်ုပ်တို့သည်လွန်စွာ ဆင်းရဲရကြပါ၏။''
သင်တို့သည်အမှားကြီးမှားလျက်နေကြ ကြောင်း ယခုသင်တို့အားငါသတိပေး၏။ သင်တို့သည်`အကျွန်ုပ်တို့အတွက်ဘုရားသခင်ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုပါ။ ကိုယ်တော်နှင့်မိန့်မှာတော်မူ သမျှကိုလည်းအကျွန်ုပ်တို့အားပြန်လည် ပြောကြားပါ။ အကျွန်ုပ်တို့သည်ကိုယ်တော် ရှင်မိန့်မှာတော်မူသည်အတိုင်းပြုပါမည်' ဟုဆို၍ငါ့အားသင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့စေလွှတ်ခဲ့ ကြ၏။-
ပေတရုက ``ပေးဆောင်ပါသည်'' ဟုဆို၏။ ထိုနောက်အိမ်ထဲသို့ပေတရုဝင်လာသောအခါ သခင်ယေရှုသည်ပေတရုမပြောမီ ``ရှိမုန်၊ သင် အဘယ်သို့ထင်မြင်ပါသနည်း။ လောကီဘုရင် တို့သည်မည်သူ့ထံမှအခွန်အကောက်များကို ကောက်ခံကြသနည်း။ တိုင်းရင်းသားများထံမှ လော။ နိုင်ငံခြားသားများထံမှလော'' ဟု မေးတော်မူ၏။