Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 22:12

Common Language Bible

သို့​ရာ​တွင်​ထို​သူ​သည်​မ​ဖြေ​နိုင်​ဘဲ​ရှိ​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။

သူ​တော်​ကောင်း​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​၍​ဝမ်း​မြောက်​ကုန်​၏။ သူ​ယုတ်​မာ​အပေါင်း​တို့​သည်​ကား​နှုတ်​ပိတ်​၍ နေ​ရ​ကြ​၏။

သင်​တို့​သည်​ဗာ​လ​ဘု​ရား​ကို​အ​ဘယ်​အ​ခါ​က​မျှ ဝတ်​မ​ပြု​ရှိ​မ​ခိုး​ခဲ့​ပါ၊ မိ​မိ​တို့​ကိုယ်​ကို​မ​ညစ်​ညမ်း​စေ​ခဲ့​ပါ​ဟူ​၍ အ​ဘယ်​သို့​လျှင်​ဆို​နိုင်​မည်​နည်း။ ချိုင့်​ဝှမ်း​ထဲ​တွင်​သင်​တို့​အ​ဘယ်​သို့ အ​ပြစ် ကူး​လွန်​ခဲ့​သည်​ကို​ကြည့်​လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​သိ​မှတ်​လော့။ သင်​သည်​မုန်​ယို​လျက်​နေ​သည့်​ကု​လား​အုတ် ပျို​ကဲ့​သို့၊ အ​ချုပ်​အ​ချယ်​မ​ရှိ​ဟို​မှ​သည်​သို့​ပြေး လျက်​နေ​၏။

အ​ဖမ်း​ခံ​ရ​ချိန်​၌ သူ​ခိုး​သည်​အ​ရှက်​ကွဲ​ရ သ​ကဲ့​သို့ သင်​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း​သား များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ၊ သင် တို့​ဣ​သ​ရေ​လ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ရ​ကြ​လိမ့်​မည်။-

ဥ​ယျာဉ်​ရှင်​က​မိ​မိ​ပထမ​ဆုံး​ငှား​ရမ်း​သည့်​အ​လုပ် သ​မား​များ​အ​နက်​တစ်​ယောက်​အား `အ​ဆွေ၊ ငါ သည်​သင့်​ကို​မ​တ​ရား​ပြု​သည်​မ​ဟုတ်။ သင်​သည် တစ်​နေ့​လျှင်​ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​နှင့်​အ​လုပ် လုပ်​ရန်​သ​ဘော​တူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။-

သ​ခင်​ယေ​ရှု​က ``အ​ဆွေ၊ သင်​ဆောင်​ရွက်​ရန်​လာ သည့်​ကိစ္စ​ကို​အ​မြန်​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော် မူ​၏။ လူ​တို့​သည်​လာ​၍​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။-

ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​လိုက်​လျှောက်​ကျင့် သုံး​ရာ​တွင် သင်​တို့​သည်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ် ဆ​ရာ​တို့​ထက်​မ​သာ​လျှင် ကောင်း​ကင်​နိုင်​ငံ​တော် သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။

ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။-

သို့​ဖြစ်​၍​နောက်​ဆုံး​တ​ရား​စီ​ရင်​တော်​မူ​ရန် သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင် မည်​သူ့​ကို​မျှ​စီ​ရင်​မှု​မ​ပြု​နှင့်။ ကိုယ်​တော်​သည် လျှို့​ဝှက်​ချက်​မှန်​သ​မျှ​ကို​လည်း​ကောင်း၊ လူ​တို့ ၏​စိတ်​နှ​လုံး​တွင်​ကွယ်​ဝှက်​နေ​သည့်​အ​ကြံ​အ​စည် များ​ကို​လည်း​ကောင်း​ထုတ်​ဖော်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​၏​ထံ​ခံ ထိုက်​သည့်​အ​ချီး​အ​မွမ်း​ကို​ခံ​ကြ​ရ​လတ္တံ့။

ထို​သို့​သော​သူ​သည်​ဖောက်​ပြန်​သော​သူ​ဖြစ် ကြောင်း​သင်​သိ​၏။ ထို​သူ့​အ​ပြစ်​သည်​သူ​အ​ပြစ် ရှိ​ကြောင်း​ကို​သက်​သေ​ထူ​လျက်​ရှိ​ပေ​သည်။

``ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​ရှိ​သူ​တို့ ၏​အ​သက် စည်း​စိမ်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​မှောင်​မိုက်​တွင် ကွယ်​ပျောက်​ရ​ကြ​လိမ့်​မည်။ လူ​သည်​မိ​မိ​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​အောင်​မြင် မှု​ကို မ​ရ​နိုင်​ရာ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ