Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 21:39

Common Language Bible

သူ့​ကို​ဖမ်း​ပြီး​ဥ​ယျာဉ်​အ​ပြင်​သို့​ထုတ်​၍ သတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​ထို​သူ​တို့​သည်​ဥ​ယျာဉ်​ရှင်​၏​သား​ကို မြင်​သော​အ​ခါ `ဤ​သူ​သည်​အ​မွေ​စား​အ​မွေ​ခံ ဖြစ်​၏။ လာ​ကြ။ သူ့​ကို​သတ်​၍​သူ့​အ​မွေ​ဥစ္စာ ကို​ယူ​ကြ​ကုန်​အံ့' ဟု​အ​ချင်း​ချင်း​တိုင်​ပင် ပြီး​နောက်၊-

သို့​ဖြစ်​၍​ဥ​ယျာဉ်​ရှင်​ရောက်​ရှိ​လာ​သော​အ​ခါ ခြံ​သ​မား​တို့​အား​အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း'' ဟု​မေး​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``အ​ဆွေ၊ သင်​ဆောင်​ရွက်​ရန်​လာ သည့်​ကိစ္စ​ကို​အ​မြန်​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော် မူ​၏။ လူ​တို့​သည်​လာ​၍​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။-

သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​ကြ​သော​သူ​တို့​သည် ကိုယ်​တော်​အား​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏ ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် ထို​အ​ရပ်​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။-

ထို​နောက်​ရော​မ​တပ်​သား​များ​နှင့်​ယု​ဒ​အ​မျိုး သား​အ​စောင့်​တပ်​သား​များ​သည်​ကိုယ်​တော်​ကို ဖမ်း​ဆီး​ချည်​နှောင်​ပြီး​လျှင်​အန္နတ်​မင်း​ထံ​သို့ ဦး​စွာ​ခေါ်​ဆောင်​သွား​ကြ​၏။-

ထို့​နောက်​အန္နတ်​မင်း​သည်​ကိုယ်​တော်​ကို​ချည်​နှောင် လျက်​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏​ထံ​သို့ ပို့​စေ​၏။

ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရည်​ရွယ်​ပြ​ဋ္ဌာန်း​ချက် နှင့်​အ​ညီ သ​ခင်​ယေ​ရှု​ကို​ရန်​သူ​လက်​သို့​ပေး အပ်​တော်​မူ​၏။ သင်​တို့​သည်​အ​ပြစ်​ကူး​သူ​တို့ လက်​ဖြင့် ထို​အ​ရှင်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ခဲ့​ကြ​၏။-

နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော် တန်​ခိုး​အား​ဖြင့် ထို​သူ​သည်​ခြေ​စွမ်း​သန်​လာ ၍ ယ​ခု​သင်​တို့​ရှေ့​တွင်​ရပ်​လျက်​နေ​သည်​ကို သင်​တို့​နှင့်​အ​တူ​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သိ​မှတ်​ကြ​လော့။ ထို​အ​ရှင် ကား​သင်​တို့​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တင် ၍​သတ်​ပြီး​နောက် ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​သူ​ဖြစ်​သ​တည်း။

ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​သည် သင် တို့​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တင်​၍​သတ်​ခဲ့ သော​သ​ခင်​ယေ​ရှု​အား ရှင်​ပြန်​ထ​မြောက်​စေ တော်​မူ​ပြီ။-

သင်​တို့​ဘိုး​ဘေး​များ​မ​နှိပ်​စက်​မ​ညှဉ်း​ဆဲ သည့်​ပ​ရော​ဖက်​ဟူ​၍ အ​ဘယ်​မှာ​ရှိ​သ​နည်း။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​သော အ​စေ​ခံ​ကြွ​လာ​တော်​မူ​မည့်​အ​ကြောင်း​ကို ကြို​တင်​ဟော​ကြား​ကြ​သည့်​ပ​ရော​ဖက်​များ ကို​သတ်​ဖြတ်​ခဲ့​ကြ​၏။ ယ​ခု​သင်​တို့​သည် ထို​အ​ရှင်​ကို​အပ်​၍​သတ်​ဖြတ်​ကြ​ပြီ။-

အ​ပြစ်​ကင်း​သူ​များ​ကို​သေ​ဒဏ်​ပေး​၍ သတ်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည် သင်​တို့​အား​မ​ခု​ခံ​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ