Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 21:32

Common Language Bible

ယော​ဟန်​သည်​သင်​တို့​ထံ​လာ​၍​လမ်း​မှန်​ကို​ညွှန်​ပြ သော်​လည်း​သင်​တို့​သည်​သူ့​ကို​မ​ယုံ​ကြည်​ကြ။ သို့ ရာ​တွင်​အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ​မူ ကား​ယုံ​ကြည်​ကြ​၏။ ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ရ​ကြ​သော​အ​ခါ​၌​ပင်​လျှင် သင်​တို့​သည်​စိတ်​ပြောင်း လဲ​၍​ယော​ဟန်​ကို​ယုံ​ကြည်​လာ​ခြင်း​မ​ရှိ​ကြ။''

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်​တွင်``သန့်​ရှင်း​မြင့်​မြတ်​ရာ​သို့ သွား​သည့်​လမ်း'' ဟု နာ​မည်​တွင်​သော​လမ်း​မ​ကြီး​တစ်​သွယ် ပေါ်​ပေါက်​၍​လာ​လိမ့်​မည်။ အ​ဘယ်​အ​ပြစ်​ကူး​သူ​မှန်​သ​မျှ​ထို​လမ်း​ကို လျှောက်​သွား​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​လူ​မိုက်​က​မျှ​ထို​လမ်း​တွင် လျှောက်​နေ​သူ​တို့​အား လမ်း​မှား​စေ​နိုင်​လိမ့်​မည်​မ​ဟုတ်။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား``လမ်း​ဆုံ​လမ်း​ခွ​တို့​တွင်​ရပ်​၍​ကြည့် ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို​စုံ​စမ်း ရှာ​ဖွေ​ကြ​လော့။ အ​ကောင်း​ဆုံး​သော​လမ်း အ​ဘယ်​မှာ​နည်း​ဟု​မေး​မြန်း​၍ ထို​လမ်း​သို့ လိုက်​လျှင်​သင်​တို့​၏​ဝိ​ညာဉ်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​တို့​က``ထို​လမ်း​ကို အ​ကျွန်ုပ် တို့​မ​လိုက်​လို​ပါ'' ဟု​ပြန်​ပြော​ကြ​၏။

ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည်​အ​စာ​ရှောင်​လျက် မ​သောက်​မ​စား​ဘဲ သင်​တို့​ထံ​လာ​သော​အ​ခါ သင်​တို့​က `ဤ​သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​ဖြစ် သည်' ဟု​ဆို​ကြ​၏။-

ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂလာ​ပေး​သည်​မှာ​ဘု​ရား​သ​ခင်​၏ အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သ​လော။ လူ​တို့​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သ​လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သည်​ဟု​ငါ​တို့​ဆို​လျှင်​ယော​ဟန် ကို​သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ သ​နည်း​ဟု​မေး​လိမ့်​မည်။-

သို့​သော်​လည်း​မ​သွား​ဘဲ​နေ​၏။ ထို​သား​နှစ်​ယောက် တို့​တွင်​အ​ဘယ်​သူ​သည်​ဖ​ခင်​၏​စ​ကား​ကို​နား ထောင်​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``သား​ကြီး​နား​ထောင်​ပါ​သည်'' ဟု ဖြေ​ကြား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား၊ အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ သည်​သင်​တို့​အ​လျင်​ကောင်း​ကင်​နိုင်​ငံ​တော်​သို့​ဝင် ကြ​လိမ့်​မည်။-

သင်​တို့​သည်​မိ​မိ​တို့​အား​ချစ်​သော​သူ​များ​ကို​သာ ချစ်​တုံ့​ပြန်​ပါ​မူ အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​ထံ တော်​မှ​ကောင်း​ချီး​ကို​ခံ​စား​ထိုက်​ပါ​မည်​နည်း။ အ​ခွန် ခံ​သူ​များ​ပင်​လျှင်​ဤ​သို့​ပြု​ကြ​သည်​မ​ဟုတ်​လော။-

မိ​မိ​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​များ​ကို​နူး​ညံ့ သိမ်​မွေ့​စွာ​ဆုံး​မ​တတ်​သူ​ဖြစ်​ရ​မည်။ သူ​တို့​သည် နောင်​တ​ရ​၍​သမ္မာ​တ​ရား​ကို​သိ​ရှိ​လာ​နိုင်​ခွင့် ကို​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ပေး​ကောင်း ပေး​တော်​မူ​လိမ့်​မည်။-

ယုံ​ကြည်​သူ​ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​ကျော​ခိုင်း​သွား​သည် တိုင်​အောင် ဆိုး​ညစ်​ယုံ​မှား​တတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​သင်​တို့​တွင်​မ​ရှိ​စေ​ရန်​သ​တိ​ပြု ကြ​လော့။-

ဖြောင့်​မတ်​ခြင်း​လမ်း​စဉ်​ကို​သိ​ရှိ​လာ​ပြီး နောက် မိ​မိ​တို့​ခံ​ယူ​ရ​ရှိ​ထား​သည့်​သန့်​ရှင်း မြင့်​မြတ်​သော​အ​မိန့်​ပ​ညတ်​ကို​စွန့်​လွှတ် လိုက်​ကြ​သည်​ထက် ထို​တ​ရား​လမ်း​ကို မ​သိ​ဘဲ​နေ​ခြင်း​က​သူ​တို့​အ​တွက်​ပို​၍ ကောင်း​၏။-

နောင်​တ​ရ​ရန်​သူ့​အား​ငါ​အ​ချိန်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​သူ​သည်​မိ​မိ​အ​ကျင့်​ပျက်​မှု အ​တွက်​နောင်​တ​ရ​လို​စိတ်​မ​ရှိ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ