Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 21:3

Common Language Bible

အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​ဖြေ​သ​နည်း' ဟု​မေး​ခဲ့ သော် `အ​ရှင်​ဘု​ရား​အ​လို​ရှိ​ပါ​သည်' ဟု ဖြေ​ကြား​ကြ​လော့။ ထို​အ​ခါ​သူ​သည်​မြည်း များ​ကို​ချက်​ချင်း​ယူ​ခွင့်​ပြု​လိမ့်​မည်'' ဟူ​၍ မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

``ယ​ခု​သင်​သည်​ဇိ​ဒုန်​မြို့​အ​နီး​ရှိ​ဇ​ရတ္တ​မြို့ သို့​သွား​၍​နေ​ထိုင်​လော့။ ထို​မြို့​သူ​မု​ဆိုး​မ တစ်​ယောက်​အား သင့်​ကို​ကျွေး​မွေး​ရန်​ငါ​မှာ ကြား​ထား​ပြီ'' ဟု​မိန့်​တော်​မူ​၏။-

ပေ​ရ​သိ​ဘု​ရင်​ကုရု​သည်​ဧ​က​ရာဇ် မင်း​အ​ဖြစ်​နန်း​စံ​ပ​ထ​မ​နှစ်​၌​ထာ​ဝ​ရ​ဘု​ရား​သည် သူ​၏​စိတ်​ကို​နှိုး​ဆော်​တော်​မူ​သ​ဖြင့် အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး​တွင်​ကြေ​ညာ​ရန်​အ​မိန့်​စာ​ထုတ်​ပြန်​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​သည်​မှာ​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။

ထို​အ​ခါ​ယု​ဒ​နှင့် ဗင်္ယာ​မိန်​အ​နွယ်​ဝင်​သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့် မိ​မိ​တို့​စိတ်​နှ​လုံး​ကို​ဘု​ရား​သခင်​ပြင်​ဆင်​တော်​မူ​ခြင်း​ခံ​ကြ​ရ​သူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​ကုန်​၏။-

ဧ​ဇ​ရ​က``ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​သည်​မင်း​ကြီး​အား ယေ​ရု ရှ​လင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​ဗိ​မာန်​တော်​ကို ဤ​သို့​ဂုဏ်​ပြု​စိတ်​ကို​ပေး​တော်​မူ​ပါ​တ​ကား။-

လော​က​နှင့်​လော​က​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် ရှိ​သ​မျှ​သော​လူ​သတ္တ​ဝါ​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​၏။

``သင်​တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ။ မြည်း က​လေး​တစ်​ကောင်​နှင့်​အ​တူ​ကြိုး​ဖြင့်​လှန်​ထား သော​မြည်း​မ​တစ်​ကောင်​ကို​တွေ့​ရ​လိမ့်​မည်။ ကြိုး ကို​ဖြေ​၍​မြည်း​များ​ကို​ယူ​ခဲ့​ကြ​လော့။-

ဤ​အ​ခြင်း​အ​ရာ​ကား ``သင်​တို့​၏​ရှင်​ဘု​ရင်​သည် သင်​တို့​ထံ​သို့​ကြွလာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​နူး​ညံ့​သိမ်​မွေ့​တော်​မူ​သ​ဖြင့် မြည်း​ကို​စီး​တော်​မူ​၏။ ဝန်​ဆောင်​တိ​ရစ္ဆာန်​၏​သား၊မြည်း​က​လေး​ကို​စီး တော်​မူ​၏​ဟု​ဇိ​အုန်​မြို့​အား​ပြော​ကြား​ကြ​လော့'' ဟူ​၍​ပ​ရော​ဖက်​မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း ဖြစ်​ပျက်​ခြင်း​ပင်​တည်း။

သား​တော်​သည်​မိ​မိ​လက်​သို့​အပ်​နှင်း​ထား သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန် ကိုယ်​တော်​သည်​လူ​သား​အ​ပေါင်း​တို့​ကို စိုး​ပိုင်​သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​တော် မူ​ပါ​ပြီ။-

ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​ကို​သား​တော် လက်​သို့​ပေး​အပ်​တော်​မူ​ပြီ။-

ထို​အ​ရှင်​ကိုယ်​တိုင်​ပင်​လူ​ခပ်​သိမ်း​တို့​အား အ​သက်​နှင့်​တ​ကွ​အ​ခြား​လို​အပ်​သည့်​အ​ရာ ရှိ​သ​မျှ​ကို​ပေး​သ​နား​တော်​မူ​၏။ သို့​ဖြစ် ၍​တစ်​စုံ​တစ်​ခု​ကို​လို​လား​၍​လူ့​လက်​မှ အ​ထောက်​အ​ပံ့​ကို​ခံ​ယူ​ရန်​မ​လို​ပေ။-

သင်​တို့​အား​ကူ​ညီ​မ​စ​ရန်​ငါ​တို့​၌​စိတ် အား​ထက်​သန်​မှု​ရှိ​သ​ကဲ့​သို့ တိ​တု​၌​လည်း ရှိ​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၏။-

သင်​တို့​သည်​ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ခ​ရစ် ၏​ကျေး​ဇူး​တော်​ကို​သိ​ရှိ​ကြ​၏။ ကိုယ်​တော် သည်​ကြွယ်​ဝ​တော်​မူ​သော်​လည်း​သင်​တို့​၏ အ​ကျိုး​ငှာ​ဆင်း​ရဲ​ခံ​တော်​မူ​၏။ ဆင်း​ရဲ ခံ​တော်​မူ​ရ​ခြင်း​မှာ​သင်​တို့​ကြွယ်​ဝ​လာ စေ​ရန်​အ​တွက်​ဖြစ်​သ​တည်း။

ကောင်း​မြတ်​စုံ​လင်​သော​ဆု​ကျေး​ဇူး​မှန်​သ​မျှ သည်​ကောင်း​ကင်​မှ​လည်း​ကောင်း၊ ကောင်း​ကင် အ​လင်း​တန်​ဆာ​များ​ကို​ဖန်​ဆင်း​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း သက်​ဆင်း​၍​လာ​ပေ​သည်။ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ။ လှည့်​ခြင်း​အား​ဖြင့် အ​မှောင်​ကို​ကျ​စေ​တော်​မ​မူ။-

ရှော​လု​သည်​လည်း​ဂိ​ဗာ​မြို့​နေ​အိမ်​သို့​ပြန် လေ​သည်။ သူ​ရဲ​ကောင်း​အ​ချို့​တို့​၏​စိတ်​ကို ဘု​ရား​သ​ခင်​ပြု​ပြင်​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ရှော​လု​နှင့်​အ​တူ​လိုက်​သွား​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ