မဿဲ 21:24Common Language Bibleသခင်ယေရှုက ``သင်တို့အားမေးခွန်းတစ်ခုကို ငါမေးမည်။ ထိုမေးခွန်းကိုသင်တို့ဖြေကြားကြ ပါလျှင် ဤအမှုအရာများကိုအဘယ်အခွင့် အာဏာနှင့်ငါပြုသည်ကိုငါပြောမည်။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်ဗိမာန်တော်သို့ပြန်လည်ကြွလာ တော်မူ၍ဟောပြောသွန်သင်တော်မူစဉ်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များသည် အထံတော်သို့ချဉ်းကပ်ကြပြီးလျှင် ``အရှင်သည် ဤအမှုအရာများကိုအဘယ်အခွင့်အာဏာနှင့် ပြုတော်မူပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့် အားအဘယ်သူပေးအပ်ပါသနည်း'' ဟုမေး လျှောက်ကြ၏။
ယောဟန်ဗတ္တိဇံမင်္ဂလာပေးသည်မှာဘုရားသခင်၏ အခွင့်အာဏာနှင့်ပေးသလော။ လူတို့၏အခွင့် အာဏာနှင့်ပေးသလော'' ဟုမေးတော်မူ၏။ သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာနှင့်ပေးသည်ဟုငါတို့ဆိုလျှင်ယောဟန် ကိုသင်တို့အဘယ်ကြောင့်မယုံကြည်ကြ သနည်းဟုမေးလိမ့်မည်။-