Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 21:16

Common Language Bible

``ဤ​သူ​ငယ်​တို့​အ​ဘယ်​သို့​ကြွေး​ကြော်​နေ​ကြ သည်​ကို​ကြား​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​ကြား​၏။ `ကိုယ်​တော်​သည် သူ​ငယ်​များ​နှင့်​မိ​ခင်​ရင်​ခွင်​ရှိ​နို့​စို့​များ​အား ချီး​မွမ်း​စေ​ရန်​သင်​ကြား​ပေး​တော်​မူ​ပြီ' ဟူ သော​ကျမ်း​စ​ကား​ကို​သင်​တို့​အ​ဘယ်​အ​ခါ မျှ​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယင်း​သီ​ချင်း​ကို​က​လေး​များ​နှင့်​နို့​စို့​သူ​ငယ် များ​က သီ​ဆို​ကြ​ပါ​၏။ ကိုယ်​တော်​သည်​ရန်​သူ​များ​၏​ဘေး​မှ ကင်း​လွတ်​လုံ​ခြုံ​ပါ​၏။ ကိုယ်​တော်​အား​ရန်​မူ​သူ​များ​ကို​ဆီး​တား​တော် မူ​ပါ​၏။

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​အ​စိုး​ရ​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် အ​သိ​ပ​ညာ​ရှင်​များ​အား​သိ​ခွင့်​မ​ပေး​ဘဲ​ထား သည့်​အ​ရာ​များ​ကို ပ​ညာ​မဲ့​သူ​တို့​အား​ဖွင့်​ပြ တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-

ကိုယ်​တော်​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော်​တို့ ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ​အ​ဘယ်​သို့​ပြု​ခဲ့ ကြောင်း သင်​တို့​တစ်​ခါ​မျှ​မ​ဖတ်​ဖူး​ပါ​သ​လော။-

ကိုယ်​တော်​က ``ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် အ​စ​အ​ဦး​က​ပင်​လျှင်​ယောကျာ်း​နှင့်​မိန်းမ​ကို ဖန်​ဆင်း​တော်​မူ​၏။ ဟူ​သော​ကျမ်း​စ​ကား​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။-

သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​ရှိ​ရ​မည် အ​ကြောင်း​နှင့်​ပတ်​သက်​၍ `ငါ​သည်​အာဗြဟံ​၏ ဘု​ရား၊ ဣဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ပေ​တည်း' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကို​သင်​တို့​မ​ဖတ် ဖူး​ကြ​သ​လော။ ကိုယ်​တော်​သည်​သေ​လွန်​သူ​တို့​၏ ဘု​ရား​မ​ဟုတ်။ ရှင်​နေ​သူ​တို့​၏​ဘု​ရား​ဖြစ်​၏' ဟု မိန့်​တော်​မူ​၏။

ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​မိန်း​မ​နှင့် သား​သည်​မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။-

ကိုယ်​တော်​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော်​တစ်​စု တို့​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ အ​ဘယ်​သို့​ပြု​ခဲ့ ကြောင်း​ကို​သင်​တို့​တစ်​ခါ​မျှ​မ​ဖတ်​ဖူး​သ လော။-

ထို​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​နှင့် သား​သည် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။ ယု​ဒ​ပြည်​သည်​အတိ​ဒုက္ခ​ရောက်​၍ ပြည်​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ