Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 20:21

Common Language Bible

ကိုယ်​တော်​က ``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ``ကိုယ်​တော်​သည်​ဘု​ရင်​အ​ဖြစ်​အုပ်​စိုး​တော်​မူ သော​အ​ခါ ကျွန်​မ​၏​သား​နှစ်​ယောက်​အား​အ​ရှင် ၏​လက်​ယာ​ရံ​နှင့်​လက်​ဝဲ​ရံ​ခန့်​ထား​တော်​မူ​ပါ'' ဟု​ပန်​ကြား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ဗာ​သ​ရှေ​ဘ​သည်​အ​ဒေါ​နိ​ယ​အ​တွက် လျှောက်​ထား​ရန် မင်း​ကြီး​ထံ​သို့​သွား​လေ​၏။ မင်း​ကြီး​သည်​လည်း​မယ်​တော်​ကို​ခ​ရီး​ဦး ကြို​ပြု​အံ့​သော​ငှာ ထ​၍​ဦး​ညွှတ်​ပြီး​လျှင် ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။ ထို့​နောက် အ​ခြား​ပလ္လင်​တစ်​ခု​ခု​ကို​ယူ​ခဲ့​စေ​၍ မယ် တော်​အား​မိ​မိ​၏​လက်ယာ​ဘက်​တွင်​ထိုင်​စေ တော်​မူ​၏။-

ယ​ခု​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အိပ်​မက် တွင်​ထင်​ရှား​တော်​မူ​၍``သင်​သည်​အ​ဘယ် ဆု​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

မင်း​ကြီး​က``မိ​ဖု​ရား​ဧ​သ​တာ၊ အ​ကြောင်း အ​ဘယ်​သို့​ရှိ​သ​နည်း။ သင်​တောင်း​လို​သော ဆု​ကို​ငါ့​အား​ပြော​ကြား​လော့။ ငါ​၏​အင်​ပါ ယာ​နိုင်​ငံ​တစ်​ဝက်​ကို​ပင်​တောင်း​လျှင်​ငါ​ပေး မည်'' ဟု​ဆို​၏။

ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​၏​ရန်​သူ​များ​ကို​သင်​၏ ခြေ​တင်​ခုံ​ဖြစ်​စေ​မည်။ ယင်း​သို့​မ​ဖြစ်​မီ​ကာ​လ​ငါ​၏​လက်​ယာ​ဘက် တွင် ထိုင်​နေ​လော့'' ဟု ငါ​၏​အ​ရှင်​မင်း​မြတ်​အား​မိန့်​တော်​မူ​၏။

အ​ရှင်​မင်း​ကြီး​၏​မောင်း​မ​တော်​တို့​တွင် အ​ပြည်​ပြည်​မှ​မင်း​သ​မီး​များ​ပါ​ဝင်​ပါ​၏။ ရာ​ဇ​ပလ္လင်​တော်​၏​လက်​ယာ​ဘက်​တွင် ရွှေ​စင်​ဖြင့်​ပြီး​သော​တန်​ဆာ​များ​ကို​ဆင်​ယင်​ကာ မိ​ဖု​ရား​ကြီး​သည်​ရှိ​နေ​ပါ​၏။

သင်​သည်​မိ​မိ​အ​တွက်​အ​ထူး​အ​ခွင့်​အ​ရေး ကို​စောင့်​မျှော်​နေ​သ​လော။ မ​စောင့်​မျှော်​နှင့်။ ငါ သည်​လူ​ခပ်​သိမ်း​တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​မည်။ သို့​သော်​လည်း​သင် သည်​ရောက်​လေ​ရာ​ရာ​အ​ရပ်​တွင်​အ​သက်​မ သေ​ဘဲ ထို​ဘေး​အန္တ​ရာယ်​မှ​လွတ်​မြောက်​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​လေ​သည်။

ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ တော်​သို့​ချဉ်း​ကပ်​၍ ``ကောင်း​ကင်​နိုင်​ငံ​တော်​တွင် မည်​သူ​သည်​အ​ကြီး​မြတ်​ဆုံး​နည်း'' ဟု​မေး လျှောက်​ကြ​၏။

သ​ခင်​ယေ​ရှု​က ``ငါ​အ​မှန်​အ​ကန်​ဆို​သည် ကား​အ​သစ်​ပြု​ပြင်​ရာ​ကာ​လ​တွင်​လူ​သား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့်​ပလ္လင်​တော်​မှာ ထိုင်​တော်​မူ​သော​အ​ခါ ငါ​၏​တ​ပည့်​ဖြစ်​သူ သင်​တို့​သည်​လည်း​ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​မှာ ထိုင်​၍ ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​ပါး​ကို တ​ရား​စီ​ရင်​ရ​ကြ​လတ္တံ့။-

သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို ပန်​ကြား​နေ​သည်​ကို​သင်​တို့​မ​သိ​ကြ။ ငါ​သောက် ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​သင်​တို့​သောက်​နိုင်​ကြ သ​လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``အ​ကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။

သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ​၍​ထို​သူ​တို့ ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``သင် တို့​အ​တွက်​အ​ဘယ်​အ​ရာ​ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``သင့်​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ မျက်​မ​မြင်​က ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​အား မျက်​စိ​ပြန်​၍​မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက် ၏။

ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-

ထို​ည​စာ​စား​ပွဲ​သို့​ဟေ​ရော​ဒိ​၏​သ​မီး​သည် လာ​၍ အ​က​နှင့်​ဖျော်​ဖြေ​၏။ သူ​သည်​ဟေ​ရုဒ်​နှင့် ဧည့်​သည်​တော်​အ​ပေါင်း​တို့​၏​စိတ်​ကို​များ​စွာ ရွှင်​လန်း​စေ​၏။ ဘု​ရင်​မင်း​က​သူ​ငယ်​မ​အား ``သင် နှစ်​သက်​ရာ​ကို​တောင်း​လော့။ သင့်​အား​ငါ​ပေး​မည်။-

ကိုယ်​တော်​က ``သင့်​အ​တွက်​အ​ဘယ်​အ​ရာ​ကို ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ မျက်​မ​မြင်​က ``အ​ရှင်၊ အ​ကျွန်ုပ်​အား​မျက်​စိ မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​၏။

ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ပေါ်​ထွန်း​တော့​မည်​ဟု​ထင်​မှတ်​ကြ သော​ကြောင့် အ​ထက်​တ​ရား​စ​ကား​များ ကို​ကြား​နာ​နေ​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင် ၍ ``မင်း​ညီ​မင်း​သား​တစ်​ပါး​သည်​ရှင်​ဘု​ရင် အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​ရန်​တိုင်း​တစ်​ပါး သို့​သွား​၏။-

တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​တွင်​အ​ဘယ်​သူ သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း​ဟု​အ​ငြင်း ပွား​ကြ​၏။-

သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​၏​တ​ရား သည်​လည်း​သင်​တို့​၌​တည်​နေ​လျှင် သင်​တို့ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို​ရ​ရှိ ကြ​လိမ့်​မည်။-

တ​မန်​တော်​တို့​သည်​စု​ဝေး​မိ​ကြ​သော​အ​ခါ ကိုယ်​တော်​အား``သ​ခင်​ဘု​ရား၊ ဤ​အ​ချိန်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏ နိုင်​ငံ​ကို​ကိုယ်​တော်​ရှင်​ပြန်​လည်​ပေး​အပ်​မည့် အ​ချိန်​ဖြစ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။

သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့်​တစ်​ဦး​ကို​တစ်​ဦး​ချစ်​ကြ​လော့။ တစ်​ဦး ကို​တစ်​ဦး​ချီး​မွမ်း​ရန်​လျင်​မြန်​ကြ​စေ။-

သို့​ဖြစ်​၍​သူ​တို့​အား​အ​ဘယ်​သူ​ပြစ်​ဒဏ် စီ​ရင်​မည်​နည်း။ ခ​ရစ်​တော်​စီ​ရင်​မည်​မ​ဟုတ်။ အ​သေ​ခံ​တော်​မူ​သည်​သာ​မ​က သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​ခ​ရစ်​တော် ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​တော်​မူ​ကာ ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​အား​အ​သ​နား​ခံ​လျက်​နေ တော်​မူ​၏။-

သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​ကြ​ပြီ​ဖြစ်​၍ ဘု​ရား​သ​ခင် ၏​လက်​ယာ​တော်​ဘက်​တွင်​ခ​ရစ်​တော်​ထိုင် လျက်​နေ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​၌​ရှိ​သော အ​ရာ​တို့​ကို​လို​ချင်​တောင့်​တ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ