Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 2:8

Common Language Bible

ထို​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​အား ``သင်​တို့ သွား​၍​သူ​ငယ်​ကို​တွေ့​အောင်​ရှာ​ကြ​ပါ။ တွေ့​သော အ​ခါ​ငါ​လည်း​သူ့​ကို​ဖူး​မြော်​ပူ​ဇော်​နိုင်​ရန် ငါ့ ထံ​လာ​၍​အ​ကြောင်း​ကြား​ကြ​ပါ'' ဟု​မိန့်​မှာ လျက်​ဗက်​လင်​မြို့​သို့​စေ​လွှတ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​က``ဟု​ရှဲ​၏​အ​ကြံ​သည်​အ​ဟိ သော​ဖေ​လ​၏​အ​ကြံ​ထက်​ကောင်း​၏'' ဟု ဆို​ကြ​၏။ အ​ဗ​ရှ​လုံ​၌​ဘေး​ရောက်​စေ​ခြင်း ငှာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဟိ​သော​ဖေ​လ ပေး​သော​အ​ကြံ​ကောင်း​ကို​ပျက်​စေ​ရန် စီ​ရင်​တော်​မူ​သ​တည်း။

ယေ​ဇ​ဗေ​လ​သည်​ဧ​လိ​ယ​အား``အ​ကယ်​၍ ငါ​သည်​နက်​ဖြန်​ဤ​အ​ချိန်​ရောက်​မှ ပ​ရော​ဖက် တို့​အား​သင်​ပြု​ခဲ့​သည့်​အ​တိုင်း​သင့်​အား​မ​ပြု ပါ​မူ ဘု​ရား​တို့​သည်​ငါ့​ကို​အ​ဆုံး​စီ​ရင်​ကြ ပါ​စေ​သော'' ဟု​လူ​လွှတ်​၍​ပြော​ကြား​စေ​၏။-

ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။

ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ​သာ​လျှင် အ​ကောင်​အ​ထည်​ဖော်​ရ​ပါ​၏။

ဟေ​ရုဒ်​မင်း​၏​လက်​ထက်၊ ယု​ဒ​ပြည်​ဗက်​လင်​မြို့ တွင် မယ်​တော်​မာ​ရိ​သည်​သူ​ငယ်​တော်​ယေ​ရှု​ကို ဖွား​မြင်​လေ​သည်။ ထို​အ​ခါ​အ​ရှေ့​တိုင်း​နိုင်​ငံ မှ​ပ​ညာ​ရှိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် လာ​ပြီး​လျှင်၊-

ထို​အ​ခါ​ဟေ​ရုဒ်​မင်း​သည်​ပ​ညာ​ရှိ​တို့​ကို​လျှို့ ဝှက်​စွာ​ခေါ်​၍ ကြယ်​ပေါ်​ထွန်း​ရာ​အ​ချိန်​ကာ​လ ကို​သေ​ချာ​စွာ​စုံ​စမ်း​မေး​မြန်း​တော်​မူ​၏။-

သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ထွက်​သွား​ကြ​ရာ​သူ တို့​တွေ့​မြင်​ခဲ့​သည့်​ကြယ်​ကို​မြင်​ပြန်​သ​ဖြင့် လွန် စွာ​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ကြ​၏။ ထို​ကြယ်​သည် လည်း​သူ​တို့​အား​ရှေ့​ဆောင်​ကာ​သူ​ငယ်​တော်​ရှိ ရာ​အ​ရပ်​ပေါ်​သို့​ရောက်​လျှင်​ရပ်​တန့်​လေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ