Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 19:6

Common Language Bible

သို့​ဖြစ်​၍​သူ​တို့​သည်​နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း ဖြစ်​၏။' `ဘု​ရား​သ​ခင်​စုံ​ဖက်​ပေး​သည်​ကို​လူ​မ​ခွဲ ခွာ​စေ​နှင့်' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ၎င်း၊ သင့်ကို ကယ်တင်လိမ့်မည်။

ထို​နောက်​သင်​တို့​က​အ​ဘယ်​ကြောင့်​ဤ​သို့ ကိုယ်​တော်​လက်​မ​ခံ​တော့​ဘဲ​နေ​တော်​မူ​ပါ သ​နည်း​ဟု​မေး​ကြ​၏။ ကိုယ်​တော်​လက်​မ​ခံ တော့​သည့်​အ​ကြောင်း​မှာ​သင်​တို့​သည်​ငယ်​စဉ် အ​ခါ​က လက်​ထပ်​ထိမ်း​မြား​ခဲ့​သူ​ဇ​နီး အား​ပေး​အပ်​ခဲ့​သည့်​က​တိ​သစ္စာ​ကို​ချိုး ဖောက်​လိုက်​ကြ​ကြောင်း​ကိုယ်​တော်​သိ​မြင် တော်​မူ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​ဇ​နီး သည်​သင်​၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်​ပါ​၏။ သင် သည်​သူ​၏​အ​ပေါ်​တွင်​သစ္စာ​စောင့်​ပါ​မည် ဟု​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ ပြု​ခဲ့​ပါ​သော်​လည်း​ထို​က​တိ​သစ္စာ​ကို ချိုး​ဖောက်​ခဲ့​လေ​ပြီ။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လင်​မ​ယား​ကွာ ရှင်း​မှု​ကို​မုန်း​၏။ ဇ​နီး​ဖြစ်​သူ​ကို​သင်​တို့​ဤ သို့​ရက်​စက်​စွာ​ပြု​ကျင့်​မှု​ကို​ငါ​မုန်း​၏။ သင် တို့​၏​ဇ​နီး​များ​အား​သစ္စာ​စောင့်​ရန်​ပေး​အပ် ခဲ့​သည့်​က​တိ​ကို​မ​ချိုး​မ​ဖောက်​မိ​စေ​ရန် အ​ထူး​သ​တိ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ ပါ​၏။

`ဘု​ရား​သ​ခင်​က​ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း သည် ကိုယ့်​မိ​ဘ​ကို​စွန့်​၍​မိ​မိ​ဇ​နီး​နှင့်​ပေါင်း​သင်း နေ​ထိုင်​ရ​လိမ့်​မည်။ ထို​သူ​နှစ်​ဦး​သည်​တစ်​သား တည်း​ဖြစ်​ရ​ကြ​လိမ့်​မည်။-

ဖာ​ရိ​ရှဲ​တို့​က ``ထို​သို့​ဖြစ်​ပါ​မူ​အ​ဘယ်​ကြောင့် မ​ယား​ကို​ဖြတ်​စာ​နှင့်​ကွာ​ရှင်း​ရန်​မော​ရှေ​ပ​ညတ် ခဲ့​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

ဘု​ရား​သ​ခင်​စုံ​ဖက်​ပေး​သည်​ကို​လူ​မ​ခွဲ မ​ခွာ​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။

ဥ​ပ​မာ​ပေး​ရ​သော်​အိမ်​ထောင်​သည်​အ​မျိုး သ​မီး​တစ်​ယောက်​သည် မိ​မိ​၏​ခင်​ပွန်း​အ​သက် ရှင်​စဉ်​လက်​ထပ်​ထိမ်း​မြား​ခြင်း​ဆိုင်​ရာ​တ​ရား ဥ​ပ​ဒေ​အောက်​တွင်​နေ​ရ​၏။-

လင်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ခန္ဓာ​ကို​ချစ် သ​ကဲ့​သို့​မ​ယား​များ​အား​ချစ်​သင့်​ကြ​၏။ မ​ယား​ကို​ချစ်​သော​သူ​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​ချစ်​သော​သူ​ဖြစ်​၏။-

ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ