မဿဲ 19:27Common Language Bibleထိုအခါပေတရုက ``အကျွန်ုပ်တို့သည်အလုံး စုံသောအရာတို့ကိုစွန့်ပစ်၍ကိုယ်တော်၏နောက် တော်သို့လိုက်ခဲ့ကြပါပြီ။ အကျွန်ုပ်တို့အဘယ် အကျိုးကိုခံစားရကြပါမည်နည်း'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။ |
သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
အဘယ်သူသည်သင်တို့အားသူတစ်ပါး ထက်ထူးကဲစေပါသနည်း။ သင်တို့တွင်ရှိ သမျှသောအရာတို့သည် ဘုရားသခင် ချပေးတော်မူသောအရာများမဟုတ် ပါလော။ သို့ဖြစ်ပါလျက်သင်တို့ရရှိထား သောအရာများသည် ဘုရားသခင်ချပေး တော်မူသောဆုကျေးဇူးများမဟုတ် သကဲ့သို့ သင်တို့အဘယ်ကြောင့်ကြွား ဝါသနည်း။
ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-