လူပရိသတ်ကြီးသည်နောက်တော်သို့လိုက်ကြ၏။ ထိုအရပ်တွင်ကိုယ်တော်သည်သူနာများကို ကျန်းမာစေတော်မူ၏။
ယင်းသို့ကြံစည်ကြောင်းကိုသခင်ယေရှုကြား သိတော်မူသောအခါ ထိုအရပ်မှကြွသွားတော် မူ၏။ များစွာသောလူတို့သည်နောက်တော်သို့လိုက် ကြ၏။ ကိုယ်တော်သည်ဖျားနာသူတို့၏ရောဂါ များကိုပျောက်ကင်းစေတော်မူ၏။-
ဖာရိရှဲအချို့တို့သည်အထံတော်သို့လာ၍ ``လူ တစ်စုံတစ်ယောက်သည်မည်သည့်အကြောင်းကြောင့် မဆို မိမိ၏မယားနှင့်ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။