Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 19:15

Common Language Bible

ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​ပြီး နောက်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​သိုး​ထိန်း​ကဲ့​သို့​မိ​မိ​၏​လူ​မျိုး တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​ငယ်​များ​ကို​စု​သိမ်း​၍ လက်​ဖြင့်​ချီ​ပွေ့​ကာ သူ​တို့​၏​မိ​ခင်​များ​ကို​ဖြည်း​ညှင်း​စွာ​လမ်း​ပြ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။

သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​သူ​တို့​ကို အ​ပြစ်​တင်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``က​လေး သူ​ငယ်​တို့​ငါ့​ထံ​လာ​ကြ​ပါ​စေ။ မ​ဆီး​တား ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​ထို သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။

လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ တော်၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ကျွန်ုပ် သည်​အ​ဘယ်​ကောင်း​မြတ်​သည့်​အ​မှု​ကို​ပြု​ရ ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။

ထို​နောက်​ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တို့ ကို​ချီ​ပွေ့​တော်​မူ​လျက် သူ​တို့​အ​ပေါ်​တွင်​လက် တော်​ကို​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။

ယုံ​ကြည်​သူ​အ​မျိုး​သား​သည် မ​ယုံ​ကြည်​သူ မ​ယား​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ မ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​သည် ယုံ​ကြည်​သူ လင်​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ​ဖြစ်​လာ​ပေ​သည်။ အ​ကယ်​၍​ဤ​သို့​မ​ဖြစ်​ပါ​မူ​သင်​တို့​၏​သား သ​မီး​များ​သည် ဘု​ရား​မဲ့​သူ​များ​ဖြစ်​ကြ ပေ​တော့​အံ့။ ယ​ခု​မှာ​မူ​ထို​သား​သ​မီး​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ ဖြစ်​ကြ​၏။-

သင်​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​အ​သိ​ပ​ညာ ကို​ပေး​၍​ခ​ရစ်​တော်​ယေ​ရှု​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့် ကယ်​တင်​ခြင်း​ရ​ရှိ​စေ​ရန်​လမ်း​ညွှန်​သော ကျမ်း​စာ​တော်​မြတ်​ကို​ကောင်း​စွာ​သိ​ရှိ​ခဲ့​သူ ဖြစ်​ကြောင်း​ကို​သင်​သိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ