Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 19:10

Common Language Bible

တ​ပည့်​တော်​တို့​က ``ဇ​နီး​ခင်​ပွန်း​ပေါင်း​သင်း ဆက်​ဆံ​မှု​သည်​ဤ​သို့​ဖြစ်​ပါ​လျှင်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​သည်​က​ပို​၍​ကောင်း​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``လူ သည်​တစ်​ယောက်​တည်း​နေ​ထိုင်​ရန်​မ​သင့်။ သူ့ အား​ကူ​ညီ​ရန် သင့်​တော်​သော​အ​ဖော်​ကို​ငါ ဖန်​ဆင်း​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-

မယားကိုရသောသူသည် ကောင်းသောအရာကို ရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။

စိတ်တို၍ရန်တွေ့တတ်သောမိန်းမနှင့် နေသည် ထက်၊ တောလွင်ပြင်၌ နေသော်သာ၍ကောင်း၏။

ရန်တွေ့တတ်သောမိန်းမနှင့် အတူလူများသော အိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော် သာ၍ကောင်း၏။

ကိုယ်​တော်​က ``လူ​တိုင်း​အိမ်​ထောင်​မ​ပြု​ဘဲ​နေ​နိုင် သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ခွင့်​ပြု​သူ​များ​သာ လျှင်​နေ​နိုင်​ကြ​၏။ လူ​တို့​အိမ်​ထောင်​မ​ပြု​နိုင်​ကြ သည်​မှာ​အ​ကြောင်း​အ​မျိုး​မျိုး​ကြောင့်​ဖြစ်​၏။-

သင်​တို့​အား​ငါ​ဆို​သည်​ကား​မိ​မိ​၏​ဇ​နီး​အား အ​ကျင့်​ဖောက်​ပြား​သည့်​အ​ပြစ်​မှ​တစ်​ပါး​အ​ခြား မည်​သည့်​အ​ပြစ်​ကြောင့်​မ​ဆို ကွာ​ရှင်း​၍​အ​ခြား အ​မျိုး​သ​မီး​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သူ သည်​မိ​မိ​ဇ​နီး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏'' ဟု မိန့်​တော်​မူ​သည်။

သို့​ဖြစ်​၍​အိမ်​ထောင်​မ​ရှိ​သူ​များ​နှင့်​မု​ဆိုး​မ များ​အား ငါ​ကဲ့​သို့​တစ်​ကိုယ်​တည်း​ဆက်​လက်​နေ ထိုင်​နိုင်​လျှင်​ပို​၍​ကောင်း​လိမ့်​မည်။-

ထို​သူ​တို့​က​လူ​တို့​အား​ထိမ်း​မြား​မင်္ဂ​လာ​မ ပြု​ရန်​နှင့်​အ​ချို့​သော​အ​စား​အ​စာ​များ​ကို ရှောင်​ကြဉ်​ကြ​စေ​ရန်​သွန်​သင်​ကြ​၏။ သို့​ရာ​တွင် ယုံ​ကြည်​၍​သမ္မာ​တ​ရား​တော်​ကို​သိ​ကျွမ်း​သူ တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက် စား သောက်​နိုင်​ကြ​စေ​ရန်​ဤ​အ​စား​အ​စာ​များ ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ