Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 18:8

Common Language Bible

``သင်​၏​ခြေ​သော်​လည်း​ကောင်း၊ လက်​သော်​လည်း ကောင်း​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​လျှင် ထို​ခြေ​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ ထာ​ဝ​ရ​မီး ထဲ​သို့​ခြေ​လက်​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​ကိုယ် အင်္ဂါ​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက်​ရ​ခြင်း​က သာ​၍​ကောင်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ငွေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု များ​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု​များ ကို​ယူ​၍``ငါ​တို့​မျက်​မှောက်​မှ​သွား​ကြ​ပေ တော့'' ဟု​ဆို​ကာ၊ အ​ညစ်​အ​ကြေး​သ​ဖွယ် ပစ်​ထုတ်​လိုက်​လိမ့်​မည်။-

အ​ပြစ်​ကူး​လွန်​သည့်​ဇိ​အုန်​မြို့​သူ​မြို့​သား တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​၍​နေ​ကြ​၏။ သူ တို့​က``ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော် မူ​ချက်​သည် ထာ​ဝ​စဉ်​တောက်​လောင်​နေ​သော မီး​နှင့်​တူ​၏။ ဤ​သို့​သော​မီး​မှ​ငါ​တို့​လွတ် မြောက်​၍​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ ပါ​မည်​လော'' ဟု​ဆို​ကြ​၏။-

သင်​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​ဆိုး​ညစ်​မှု​ကို စွန့်​ပစ်​၍ စိတ်​နှ​လုံး​အ​သစ်၊ စိတ်​ဝိ​ညာဉ်​အ​သစ် ကို​ယူ​ကြ​လော့။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သင်​တို့​သည်​အ​ဘယ်​ကြောင့်​သေ ချင်​ကြ​သ​နည်း။-

သို့​ရာ​တွင်​သူ​တို့​စိတ်​မ​နာ​သွား​စေ​ရန်​သင်​သည် အိုင်​သို့​သွား​၍​ငါး​ကို​မျှား​လော့။ အ​ဦး​မိ​သည့် ငါး​ပါး​စပ်​ကို​ဖွင့်​လော့။ ငွေ​ဒင်္ဂါး​တစ်​ပြား​ကို တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ​၍​သင်​နှင့်​ငါ့​အ​တွက် အ​ခွန်​တော်​ကို​သူ​တို့​အား​ပေး​ဆောင်​လော့'' ဟု မိန့်​တော်​မူ​၏။

``ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ဝဲ​တော်​ဘက် ၌​ရှိ​သော​သူ​တို့​အား `အ​မင်္ဂ​လာ​ရှိ​သူ​တို့၊ ငါ့​ထံ မှ​ထွက်​သွား​ကြ​လော့။ မာရ်​နတ်​နှင့်​သူ့​စေ​တ​မန် များ​အ​တွက်​ပြင်​ဆင်​ထား​သည့်​ထာ​ဝ​ရ​မီး ထဲ​သို့​သက်​ဆင်း​ကြ​လော့။-

ထို့​ကြောင့်​ထို​သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​မူ​ကား​ထာ​ဝ​ရ ချမ်း​သာ​သို့​ဝင်​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

ထို​နည်း​တူ​စွာ​သင်​တို့​အ​နက် မည်​သူ​မ​ဆို မိ​မိ​၌​ရှိ​သ​မျှ​ကို​မ​စွန့်​လျှင်​ငါ​၏​တပည့် မ​ဖြစ်​နိုင်။

သူ​ဌေး​က `အ​ဖ​အာဗြဟံ၊ အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​ဤ​မီး​လျှံ​ထဲ​တွင် ပြင်း​စွာ​ဝေ​ဒ​နာ​ခံ​နေ​ရ​ပါ​၏။ လာ​ဇ​ရု​သည် လက်​ဖျား​ကို​ရေ​မှာ​နှစ်​၍​အ​ကျွန်ုပ်​၏​လျှာ ကို​အေး​စေ​မည့်​အ​ကြောင်း သူ့​အား​အ​ကျွန်ုပ် ထံ​သို့​စေ​လွှတ်​တော်​မူ​ပါ' ဟု​အော်​၍​လျှောက်​၏။

ညဥ့်​အ​ချိန်​ကုန်​လု​ပြီ။ နေ့​အ​ချိန်​ရောက်​တော့ မည်။ သို့​ဖြစ်​၍​ငါ​တို့​သည်​အ​မှောင်​နှင့်​ဆိုင် သော​အ​လေ့​အ​ကျင့်​တို့​ကို​မ​ပြု​တော့​ဘဲ အ​လင်း​တွင်​တိုက်​ခိုက်​ရန်​လက်​နက်​တို့​ကို ယူ​ဆောင်​ကြ​ရ​မည်။-

ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား​မှ ပြင်း ထန်​သော​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် ရည်​ကို​သောက်​ရ​လိမ့်​မည်။ မြင့်​မြတ်​သန့်​ရှင်း သော​ကောင်း​ကင်​တ​မန်​များ​နှင့်​သိုး​သူ​ငယ် တော်​၏​ရှေ့​၌ ကန့်​နှင့်​မီး​ထဲ​တွင်​နှိပ်​စက်​ညှဉ်း ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-

(ထို​မီး​အိုင်​ကား​ဒု​တိ​ယ​သေ​ခြင်း​တည်း။) အ​သက် စာ​စောင်​တွင်​စာ​ရင်း​မ​ဝင်​သူ​ရှိ​သ​မျှ​တို့​သည် မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။

သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ