Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 18:31

Common Language Bible

ထို​အ​ခြင်း​အ​ရာ​ကို​အ​ခြား​သော​ကျွန်​ချင်း​တို့ သိ​မြင်​လျှင်​လွန်​စွာ​စိတ်​ဆိုး​၍ မိ​မိ​တို့​၏​အ​ရှင် ထံ​သို့​သွား​ပြီး​လျှင်​ဖြစ်​ပျက်​သ​မျှ​တို့​ကို လျှောက်​ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​မိ​သား​စု​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ​ပေ​အံ့။ ယော​သပ်​သည်​အ​သက်​တစ်​ဆယ့်​ခု​နစ်​နှစ်​သို့ ရောက်​သော် ဖ​ခင်​၏​မ​ယား​ငယ်​များ​ဖြစ်​သော ဗိ​လ​ဟာ​နှင့်​ဇိ​လ​ပ​တို့​၏​သား​များ​နှင့် အ​တူ​သိုး​ဆိတ်​များ​ကို​ထိန်း​ကျောင်း​ရ​၏။ သူ သည်​အစ်​ကို​တို့​အ​ကြောင်း​ကို​ဖ​ခင်​အား တိုင်​ကြား​တတ်​၏။

လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​လိုက်​နာ​ကြ​သ​ဖြင့် ကွန်​တော်​မျိုး​၏​မက်​ရည်​မား​သည်​မြစ်​ရေ ကဲ့​သို့ စီး​ဆင်း​လက်​ရှိ​ပါ​၏။

သူ​တို့​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကို မ​စောင့်​ထိန်း​ကြ​ပါ။ သို့​ဖြစ်​၍​ထို​သ​စ္စာ​ဖောက်​တို့​ကို​မြင်​သော​အ​ခါ ကွန်​တော်​မျိုး​သည်​နှ​လုံး​နာ​ပါ​၏။

ငါ​သည်​အ​သတ်​ခံ​ကြ​သော မိ​မိ​အ​မျိုး​သား​များ​အ​တွက်​နေ့​ရော​ညဥ့်​ပါ ငို​ကြွေး​နိုင်​ရန်​ငါ​၏​မျက်​စိ​များ​သည် မျက်​ရည်​စမ်း​ကဲ့​သို့​လည်း​ကောင်း၊ ငါ​၏​ဦး​ခေါင်း​သည်​လည်း​ရေ​တွင်း​ကဲ့​သို့ လည်း​ကောင်း ဖြစ်​စေ​ချင်​စမ်း​ပါ​ဘိ။

ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​သော်​လည်း​ဧည့်​သည်​တော်​များ​ရှေ့​တွင် မိ​မိ​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက်​၍ သူ​ငယ်​မ တောင်း​လျှောက်​သည့်​အ​တိုင်း​ပေး​စေ​ရန်​အ​မိန့် ချ​တော်​မူ​၏။-

``သို့​ရာ​တွင်​သူ​သည်​ထွက်​သွား​သော​အ​ခါ​မိ​မိ အား​အ​ကြွေး​ငွေ​တစ်​ရာ​ပေး​ဆပ်​ရန်​ရှိ​သူ​ကျွန်​ချင်း တစ်​ယောက်​ကို​တွေ့​လျှင် ထို​ကျွန်​၏​လည်​ကို​ကိုင်​ညှစ် ၍ `သင်​ပေး​ဆပ်​ရန်​ရှိ​သော​အ​ကြွေး​ကို​ပေး​ဆပ် လော့'' ဟု​ဆို​၏။-

သို့​ရာ​တွင်​ကြွေး​ရှင်​သည်​နား​မ​ထောင်​ဘဲ​မိ​မိ​၏ အ​ကြွေး​ကို​ပြေ​လည်​အောင်​မ​ပေး​မ​ဆပ်​မ​ချင်း ထို​ကျွန်​ကို​အ​ကျဉ်း​ချ​ထား​လေ​သည်။-

ထို​အ​ခါ​မင်း​ကြီး​သည်​ထို​ကျွန်​ကို​ခေါ်​၍`ဟယ် ကျွန်​ယုတ်၊ သင်​ငါ့​ကို​တောင်း​ပန်​သော​အ​ခါ​သင် ပေး​ဆပ်​ရန်​အ​ကြွေး​ရှိ​သ​မျှ​ကို​ငါ​ပယ်​ဖျက် ခဲ့​၏။-

ထို​သူ​တို့​မှာ​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​သည့် အ​တွက် ကိုယ်​တော်​သည်​ဝမ်း​နည်း​၍​အ​မျက်​ထွက် လျက်​သူ​တို့​အား​လှည့်​ကြည့်​တော်​မူ​ပြီး​လျှင် လက်​သေ​သူ​အား ``သင်​၏​လက်​ကို​ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-

အ​စေ​ခံ​သည်​မိ​မိ​၏​အ​ရှင်​ထံ​သို့​ပြန်​လာ​၍ ထို​အ​ကြောင်း​များ​ကို​လျှောက်​လေ​၏။ ထို​အ​ခါ အိမ်​ရှင်​အ​မျက်​ထွက်​၍ `လမ်း​မ​လမ်း​ကြား​သို့ အ​မြန်​သွား​၍​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ခေါ်​ခဲ့​လော့' ဟု​အ​စေ​ခံ​အား​စေ​ခိုင်း​၏။-

ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့​ရောက် ၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင်​ငို​ကြွေး​တော်​မူ​၏။-

ဝမ်း​မြောက်​သူ​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ လော့။ ငို​ကြွေး​သူ​တို့​နှင့်​အ​တူ​ငို​ကြွေး​ကြ လော့။-

ငါ​တို့​သည်​ဤ​သို့​သော​အ​မှု​တို့​ကို​သင်​တို့​အား ပြု​ရန်​သတ္တိ​မ​ရှိ​ကြောင်း​ကို​ရှက်​ရှက်​နှင့်​ပင်​ငါ ဝန်​ခံ​၏။ သို့​ရာ​တွင်​လူ​မိုက်​အ​နေ​နှင့်​ပြော​ရ​မည်​ဆို​လျှင် အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​က​အ​ရာ​တစ်​ခု အ​တွက်​ကြွား​ဝါ​ပါ​က​ငါ​လည်း​ကြွား​ဝါ နိုင်​၏။-

သင်​တို့​ခေါင်း​ဆောင်​များ​၏​စ​ကား​ကို​နား ထောင်​ကြ​လော့။ သူ​တို့​ပြော​သည့်​အ​တိုင်း​ပြု ကြ​လော့။ သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​အ​မှု ကို​ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ရ​မည် ဖြစ်​၍ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို​နေ့​ရော​ည ပါ​ကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​ကြ​ပေ သည်။ သင်​တို့​သည်​သူ​တို့​စ​ကား​ကို​နား ထောင်​ပါ​လျှင် သူ​တို့​ရွှင်​လန်း​ဝမ်း​မြောက် စွာ​လုပ်​ဆောင်​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင် သူ​တို့​ဝမ်း​နည်း​ရ​ကြ​သ​ဖြင့်​သင်​တို့ တွင်​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ​လိမ့်​မည် မ​ဟုတ်။

သင်​တို့​သည်​အ​ကျဉ်း​ခံ​ရ​သူ​များ​နှင့်​အ​တူ အ​ကျဉ်း​ခံ​နေ​ရ​သ​ကဲ့​သို့​မှတ်​ယူ​လျက် သူ​တို့ အား​သ​တိ​ရ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​တိုင်​ပင် ဒုက္ခ​ဝေ​ဒ​နာ​ခံ​ရ​သ​ကဲ့​သို့​ဒုက္ခ​ဝေ​ဒ​နာ ခံ​ရ​သူ​များ​ကို​သ​တိ​ရ​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ