ထိုကျွန်သည်ဒူးထောက်လျက် `အကျွန်ုပ်ကိုသည်းခံ ပါ။ အကြွေးရှိသမျှကိုပေးဆပ်ပါမည်' ဟုတောင်း ပန်၏။-
သို့ဖြစ်၍ထိုသူသည်မင်းကြီး၏ရှေ့တွင်ဝပ်တွား လျက် `အကျွန်ုပ်ကိုသည်းခံတော်မူပါ။ အကြွေး များပြေလည်အောင်ပေးဆပ်ပါမည်' ဟုလျှောက်၏။-
``သို့ရာတွင်သူသည်ထွက်သွားသောအခါမိမိ အားအကြွေးငွေတစ်ရာပေးဆပ်ရန်ရှိသူကျွန်ချင်း တစ်ယောက်ကိုတွေ့လျှင် ထိုကျွန်၏လည်ကိုကိုင်ညှစ် ၍ `သင်ပေးဆပ်ရန်ရှိသောအကြွေးကိုပေးဆပ် လော့'' ဟုဆို၏။-
သို့ရာတွင်ကြွေးရှင်သည်နားမထောင်ဘဲမိမိ၏ အကြွေးကိုပြေလည်အောင်မပေးမဆပ်မချင်း ထိုကျွန်ကိုအကျဉ်းချထားလေသည်။-
သင့်ကိုငါသနားသကဲ့သို့သင်သည်လည်း ကျွန်ချင်းကိုမသနားအပ်သလော' ဟုဆို၏။-
အကျွန်ုပ်တို့ကိုပြစ်မှားသောသူတို့၏အပြစ်များကို အကျွန်ုပ်တို့ဖြေလွှတ်ကြသကဲ့သို့၊အကျွန်ုပ်တို့၏ အပြစ်များကိုလည်းဖြေလွှတ်တော်မူပါ။
ဘုရားသခင်၏ကျေးဇူးတော်အကြောင်း ကိုသင်တို့အားသင်ကြားပေးသူမှာ ငါတို့ နှင့်အတူခရစ်တော်၏အမှုတော်ကိုထမ်း ဆောင်သူ၊ ငါတို့ချစ်မြတ်နိုးသူဧပဖြဖြစ်၏။ သူသည်ငါတို့၏ကိုယ်စားသစ္စာရှိစွာခရစ် တော်၏အမှုတော်ကိုထမ်းဆောင်သူဖြစ် ပေသည်။-
ငါတို့ချစ်သောညီ၊ သစ္စာရှိသောအမှုတော် ဆောင်၊ သခင်ဘုရား၏အမှုတော်၌ငါတို့နှင့် လုပ်ဖော်ကိုင်ဘက်ဖြစ်သူတုခိတ်သည်ငါနှင့်ပတ် သက်သည့်သတင်းအလုံးစုံကိုသင်တို့အား ပြောပြလိမ့်မည်။-