Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 18:25

Common Language Bible

ထို​သူ​သည်​ထို​အ​ကြွေး​ကို​ပေး​ဆပ်​နိုင်​စွမ်း​မ​ရှိ သ​ဖြင့်​မင်း​ကြီး​က​ထို​သူ​နှင့်​တ​ကွ​သား​မ​ယား၊ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ရောင်း​၍​ပေး​ဆပ်​စေ ရန်​အ​မိန့်​ချ​မှတ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​တစ်​ဦး​၏​မု​ဆိုး​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​လာ​၍``အ​ရှင်၊ ကျွန်​မ​၏​ခင်​ပွန်း သေ​ဆုံး​ပါ​ပြီ။ အ​ရှင်​သိ​သည့်​အ​တိုင်း​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ် ပါ​၏။ သို့​ရာ​တွင်​သူ​၏​ကြွေး​ရှင်​သည်​ကျွန်​မ ၏​သား​နှစ်​ယောက်​အား ဖခင်​၏​အ​ကြွေး​အ​တွက် ကျွန်​ခံ​စေ​ရန်​လာ​၍​ခေါ်​နေ​ပါ​သည်'' ဟု​ပြော​၏။

ငါ​တို့​သည်​လည်း​ယု​ဒ​အ​မျိုး​သား​များ ပင်​မ​ဟုတ်​ပါ​လော။ ငါ​တို့​သား​သ​မီး​များ သည်​လည်း​သူ​တို့​သား​သ​မီး​များ​ထက်​မ​ညံ့ ပါ။ သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​သား​သ​မီး များ​ကို​ကျွန်​ခံ​စေ​ကြ​ရ​ပါ​၏။ သ​မီး​အ​ချို့ ကို​လည်း​ကျွန်​အ​ဖြစ်​ရောင်း​ချ​လိုက်​ရ​လေ ပြီ။ ငါ​တို့​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်။ ငါ တို့​လယ်​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​သည် သူ​တစ်​ပါး​လက်​သို့​ရောက်​လေ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။

``မိ​မိ​တို့​ကိုယ်​ကို​လူ​မျိုး​ခြား​များ​လက် သို့​ရောင်း​ချ​ရ​ကြ​သူ ယု​ဒ​အ​မျိုး​သား​ညီ အစ်​ကို​တို့​အား​တတ်​နိုင်​သ​မျှ​ငါ​တို့​ပြန် လည်​ဝယ်​ယူ​ပြီး​မှ ယ​ခု​သင်​တို့​က မိ​မိ​တို့ အ​မျိုး​သား​အ​ချင်း​ချင်း​ပြန်​လည်​ရောင်း စား​လျက်​နေ​ကြ​ပါ​တကား'' ဟု​ဆို​သော အ​ခါ​ခေါင်း​ဆောင်​များ​သည်​ဆိတ်​ဆိတ် နေ​ကြ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍ မ​ပြော​နိုင်​ကြ။

ဟေ​ဗြဲ​အ​မျိုး​သား​ကျွန်​တစ်​ယောက်​ကို​ဝယ် လျှင် သူ​သည်​ခြောက်​နှစ်​ကျွန်​ခံ​စေ​ရ​မည်။ သတ္တမ နှစ်​သို့​ရောက်​သော်​သူ​သည်​ကြေး​မ​ပေး​ရ​ဘဲ လွတ်​လပ်​ခွင့်​ရ​ရှိ​စေ​ရ​မည်။-

ထာ​ဝ​ရ​ဘု​ရား​က၊ ``ဇ​နီး​သည်​ကို​ကွာ​ရှင်း​ပစ် လိုက်​သည့် ယောကျာ်း​ကဲ့​သို့၊ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​နှင်​ထုတ်​လိုက် သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ ယင်း​သို့​နှင်​ထုတ်​လိုက်​ပါ​မူ​ဖြတ်​စာ​များ​ကား အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကျွန်​အ​ဖြစ် ရောင်း​စား​သူ​ကဲ့​သို့၊ငါ​သည်​သင်​တို့​အား သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ရောင်း​ချ​လိုက်​သည်​ဟု​သင်​တို့ ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ သည်​မှာ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ဖြစ်​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​ကူး​လွန်​ကြ​သည့် ရာ​ဇ​ဝတ်​မှု​များ​ကြောင့်​အ​နှင်​ခံ​ရကြ​ခြင်း ဖြစ်​၏။

သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​သည် အ​လွန်​ဆင်း​ရဲ​နွမ်း​ပါး​၍​သင့်​ထံ​တွင် မိ​မိ ကိုယ်​ကို​ကျွန်​အ​ဖြစ်​ဖြင့်​ရောင်း​လျှင် သူ့ အား​ကျွန်​ကဲ့​သို့​မ​စေ​ခိုင်း​ရ။-

သူ​သည်​စာ​ရင်း​စ​၍​ရှင်း​သော​အ​ခါ​ငွေ​သန်း​ပေါင်း များ​စွာ​ကြွေး​တင်​သူ​လူ​တစ်​ယောက်​ကို​ခေါ်​စေ​၏။-

သူ​တို့​သည်​အ​ကြွေး​မ​ဆပ်​နိုင်​သ​ဖြင့်​ကြွေး​ရှင် သည် ထို​သူ​နှစ်​ဦး​လုံး​၏​အ​ကြွေး​အား​လုံး​ကို လျှော်​ပစ်​လိုက်​၏။ ထို​သူ​နှစ်​ဦး​အ​နက်​အ​ဘယ် သူ​သည် ကြွေး​ရှင်​ကို​ပို​၍​မေတ္တာ​ရှိ​လိမ့်​မည် နည်း'' ဟု​မေး​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ