သခင်ယေရှုက ``ခုနစ်ကြိမ်တိုင်အောင်ဖြေလွှတ်ရ မည်ဟုသင့်အားငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီတိုင်အောင်ဖြေလွှတ်ရမည်ဟုငါဆို၏။-
ကာဣနကိုသတ်သူသည်ခုနစ်ဆသော အပြစ်ဒဏ်ကို ခံရမည်ဆိုလျှင်ငါ့ကိုသတ်သူကား၊ ခုနစ်ဆယ်ခုနစ်ဆသောအပြစ်ဒဏ် ခံရမည်'' ဟုဆိုလေ၏။
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
ကိုယ်တော်သည်အကျွန်ုပ်တို့အားသနား ကြင်နာတော်မူဦးမည်။ ကိုယ်တော်သည် အကျွန်ုပ်တို့၏အပြစ်များကိုနင်းချေ၍ ပင်လယ်အောက်သို့ပစ်ချတော်မူမည်။-
သို့ဖြစ်၍ကောင်းကင်နိုင်ငံတော်သည်မိမိ၏ကျွန် များနှင့်စာရင်းရှင်းလိုသည့်ဘုရင်တစ်ပါး ကြုံတွေ့ရသည့်အဖြစ်အပျက်နှင့်တူ၏။-
သင်တို့သည်ရပ်လျက်ဆုတောင်းသောအခါ သူ တစ်ပါးတို့၏အပြစ်ဟူသမျှကိုဖြေလွှတ်ရ ကြမည်။ သို့မှသာလျှင်ကောင်းကင်ဘုံတွင်ရှိတော် မူသောသင်တို့အဖသည် သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်။-
ဆိုးညစ်မှုကိုပြုခြင်းအားဖြင့်အရှုံးမပေး နှင့်။ ကောင်းမြတ်မှုကိုပြုခြင်းအားဖြင့်ဆိုး ညစ်မှုကိုအနိုင်ယူလော့။
သင်တို့သည်အပြစ်ကူးရာရောက်သည့်တိုင်အောင် အမျက်မထွက်ကြနှင့်။ နေမဝင်မီအမျက်ကို ပြေငြိမ်းစေကြလော့။-
ထို့ကြောင့်နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက် ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ သူတစ်ပါး အသရေဖျက်ခြင်း၊ ခပ်သိမ်းသောမုန်းတီးခြင်း တို့ကိုပယ်ရှားကြလော့။-
သင်တို့သည်အချင်းချင်းအပေါ်တွင်အပြစ် တင်စရာရှိပါလျှင် သည်းခံလျက်အပြစ်ဖြေ လွှတ်ကြလော့။ သခင်ဘုရားသည်သင်တို့ အားအပြစ်ဖြေလွှတ်တော်မူသကဲ့သို့ သင် တို့သည်လည်းအချင်းချင်းအားအပြစ်ဖြေ လွှတ်ရကြမည်။-
ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။-