Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 18:12

Common Language Bible

``သင်​တို့​သည်​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​သည်​မိ​မိ​မှာ​ရှိ​သည့်​သိုး​တစ်​ရာ အ​နက်​တစ်​ကောင်​ပျောက်​သွား​လျှင်​ကိုး​ဆယ် ကိုး​ကောင်​ကို​တောင်​ပေါ်​စား​ကျက်​တွင်​ထား​ခဲ့ ပြီး​လျှင်​ပျောက်​သော​သိုး​ကို​လိုက်​၍​မ​ရှာ​ဘဲ နေ​ပါ​မည်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​တိ​ရှ​ဘိ​မြို့​သား ပ​ရော​ဖက်​ဧ​လိ​ယ​အား၊-

ကွန်​တော်​မျိုး​သည်​ပောက်​သွား​သော​သိုး​ကဲ့​သို့ လမ်း​မှား​လက်​ရှိ​ပါ​၏။ သို့​ဖြစ်​၍​ကြွ​တော်​မူ​လက်​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကွန်​တော်​မျိုး​အား ရှာ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​မ​မေ့​မ​လော့​ပါ။

ငါ​တို့​ရှိ​သ​မျှ​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ကာ မိ​မိ​တို့​သွား​လို​ရာ​လမ်း​သို့​လိုက်​လျက်​နေ​ကြ သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ခံ​ယူ​ထိုက်​သည့် အ​ပြစ်​ဒဏ်​ကို​ထို​သူ​၏​အ​ပါ်​သို့​တင်​တော်​မူ​၏။

``ငါ​၏​လူ​စု​တော်​သည်​တောင်​များ​ပေါ်​တွင် သိုး​ထိန်း​တို့​က​လမ်း​လွဲ​စေ​သည့်​သိုး​များ နှင့်​တူ​ကြ​၏။ သူ​တို့​သည်​တစ်​တောင်​တက် တစ်​တောင်​ဆင်း​သွား​လာ​ကာ မိ​မိ​တို့​သိုး​ခြံ ကို​မေ့​လျော့​သွား​သည့်​သိုး​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​ခဲ့​ကြ​လေ​ပြီ။-

``ငါ​သည်​ပျောက်​သော​သိုး​များ​ကို​ရှာ​၍ လမ်း​မှား​သော​သိုး​တို့​ကို​ပြန်​လည်​ခေါ်​ခဲ့ မည်။ ဒဏ်​ရာ​ရ​သော​သိုး​များ​ကို​အ​ဝတ် နှင့်​စည်း​ကာ​ဖျား​နာ​သော​သိုး​တို့​ကို​ဆေး ကု​ပေး​မည်။ သို့​ရာ​တွင်​ဝ​ဖြိုး​သန်​မာ​သော သိုး​တို့​ကို​ပယ်​ရှား​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​မှန်​ရာ​ကို​ပြု​လုပ်​တတ်​သည့် သိုး​ထိန်း​ဖြစ်​သော​ကြောင့်​တည်း။

လူ​မျိုး​တ​ကာ​တို့​သည်​သူ​တို့​အား​နောင် အ​ဘယ်​အ​ခါ​၌​မျှ လု​ယက်​တိုက်​ခိုက်​ကြ တော့​မည်​မ​ဟုတ်။ သား​ရဲ​တိ​ရစ္ဆာန်​များ​သည် လည်း​သူ​တို့​အား​သတ်​ဖြတ်​ကိုက်​စား​ကြ တော့​မည်​မ​ဟုတ်။ သူ​တို့​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​အား​အ​ဘယ် သူ​မျှ​ထိတ်​လန့်​တုန်​လှုပ်​စေ​ကြ​လိမ့်​မည် မ​ဟုတ်။-

အား​နည်း​သော​သိုး​တို့​ကို​မ​ကြည့်​ရှု။ နာ ဖျား​သော​သိုး​တို့​ကို​လည်း​ဆေး​မ​ကု။ ဒဏ် ရာ​ရ​သော​သိုး​တို့​ကို​အ​ဝတ်​နှင့်​မ​စည်း။ လမ်း​မှား​သည့်​သိုး​တို့​ကို​ပြန်​၍​မ​စု​သိမ်း။ ပျောက်​သော​သိုး​တို့​ကို​လည်း​မ​ရှာ​ဘဲ​သင် တို့​သည်​ထို​သိုး​တို့​ကို​မ​ညှာ​မ​တာ​ပြု​မူ ကြ​၏။-

သို့​ဖြစ်​၍​ငါ​၏​သိုး​တို့​သည်​တောင်​များ၊ ကုန်း​မြင့်​များ​ပေါ်​တွင်​လှည့်​လည်​၍​နေ​ရ ကြ​၏။ သူ​တို့​သည်​ကမ္ဘာ​မြေ​တစ်​ပြင်​လုံး တွင်​ပျံ့​လွင့်​လျက်​ရှိ​ကြ​၏။ သူ​တို့​အား ရှာ​ဖွေ​သူ၊ ရှာ​ဖွေ​ရန်​အား​ထုတ်​သူ​တစ်​ယောက် မျှ​မ​ရှိ။

ကိုယ်​တော်​က ``အ​ကယ်​၍​သင်​တို့​၏​သိုး​တစ်​ကောင် သည်​ဥ​ပုသ်​နေ့​၌​တွင်း​ထဲ​သို့​ကျ​သည်​ရှိ​သော် ထို သိုး​ကို​မ​ဆွဲ​မ​တင်​ဘဲ​နေ​မည့်​သူ​သင်​တို့​တွင် ရှိ​ပါ​သ​လော။-

ပျောက်​သော​သိုး​ကို​ရှာ​၍​တွေ့​သော​အ​ခါ​မ​ပျောက် သည့်​သိုး​ကိုး​ဆယ့်​ကိုး​ကောင်​အ​တွက်​ရွှင်​လန်း​ဝမ်း မြောက်​သည်​ထက် ထို​သိုး​အ​တွက်​ပို​၍​ရွှင်​လန်း ဝမ်း​မြောက်​သည်​ဟု​သင်​တို့​အား​အ​မှန်​အ​ကန် ငါ​ဆို​၏။-

ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။-

သင်​တို့​အား​အ​သိ​အ​လိမ္မာ​ရှိ​သူ​များ​အ​နေ ဖြင့်​ငါ​ပြော​နေ​ခြင်း​ဖြစ်​၏။ ငါ့​စ​ကား​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။-

သင်​တို့​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ခဲ့​ကြ သော်​လည်း ယ​ခု​အ​ခါ​၌​သင်​တို့​၏​ဝိ​ညာဉ် တို့​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော အ​ရှင့်​သိုး​ထိန်း​ကြီး​ထံ​သို့​ပြန်​လည်​ရောက် ရှိ​ကြ​လေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ