ထိုအခါတပည့်တော်တို့သည်သခင်ယေရှုထံ တော်သို့ချဉ်းကပ်၍ ``ကောင်းကင်နိုင်ငံတော်တွင် မည်သူသည်အကြီးမြတ်ဆုံးနည်း'' ဟုမေး လျှောက်ကြ၏။
ကိုယ်တော်သည်ကလေးသူငယ်တစ်ယောက်ကို ခေါ်ယူပြီးလျှင်တပည့်တော်တို့၏ရှေ့တွင် ရပ်နေစေတော်မူ၏။-
သင်တို့အနက်အကြီးမြတ်ဆုံးဖြစ်သူသည် သင်တို့၏အစေခံဖြစ်ရမည်။-
``ငါ့ကို `သခင်၊ သခင်' ဟုခေါ်သောသူတိုင်းကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံရှင်ငါ့အဖ၏အလိုတော်အတိုင်းလိုက်လျှောက် သူသာလျှင်ဝင်ရလိမ့်မည်။-
သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့်တစ်ဦးကိုတစ်ဦးချစ်ကြလော့။ တစ်ဦး ကိုတစ်ဦးချီးမွမ်းရန်လျင်မြန်ကြစေ။-
ကြွားဝါလိုသောစိတ်၊ ကျော်စောကိတ္တိကိုတပ်မက် သောစိတ်တို့ဖြင့်အဘယ်အမှုကိုမျှမပြုကြ နှင့်။ သူတစ်ပါးသည်မိမိထက်သာသည်ဟု အစဉ်ယူဆလျက်စိတ်နှိမ့်ချကြလော့။-