Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 17:21

Common Language Bible

(ဤ​နတ်​မျိုး​ကို​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် နည်း​ဖြင့်​မျှ​နှင်​ထုတ်​၍​မ​ရ)'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို့​နောက်​သူ​သည်``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဤ​မု​ဆိုး​မ​အား​အ​ဘယ် ကြောင့်​ကိုယ်​တော်​သည် ဤ​သို့​ထိတ်​လန့်​ဖွယ် ကောင်း​သော​အ​မှု​ကို​ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​မျိုး​သ​မီး​သည်​ကျွန်ုပ်​အား​ကောင်း​စွာ ကျွေး​မွေး​ပြု​စု​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​ကိုယ် တော်​သည်​သူ​၏​သား​ငယ်​ကို​သေ​စေ​တော် မူ​ပါ​ပြီ'' ဟု​ကျယ်​လောင်​စွာ​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။-

ထို​နောက်​ငါ​သည်​အ​စာ​ရှောင်​ပြီး​လျှင်​လျှော် တေ​ကို​ဝတ်​၍ ပြာ​ထဲ​တွင်​ထိုင်​ကာ ထာ​ဝ​ရ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​အ​သ နား​ခံ​၏။-

သူ​သည်​သွား​၍​မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ် ခု​နစ်​ဦး​ကို​ခေါ်​ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ လေ​၏။ သို့​ဖြစ်​၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဖြစ်​အင် သည်​ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​ရွား​လေ​တော့​၏။ ဤ​ဆိုး​ညစ်​သော​လူ​တို့​သည်​လည်း​ထို​နည်း​အ​တိုင်း ပင်​ခံ​စား​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဂါ​လိ​လဲ​ပြည် တွင်​လှည့်​လည်​နေ​ကြ​စဉ်​သ​ခင်​ယေ​ရှု​က ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။-

ကိုယ်​တော်​က ``ဆု​တောင်း​ခြင်း​မှ​တစ်​ပါး အ​ခြား အ​ဘယ်​နည်း​နှင့်​မျှ​ဤ​နတ်​မျိုး​ကို​နှင်​ထုတ်​၍ မ​ရ'' ဟု​မိန့်​တော်​မူ​၏။

ထို​သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​၍ အ​စာ​ရှောင်​လျက်​နေ​ကြ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​သူ​တို့​အား ``ရှော​လု နှင့်​ဗာ​န​ဗ​တို့​ကို ငါ​၏​အ​မှု​တော်​ဆောင်​ရန် အ​တွက်​သီး​သန့်​ရွေး​ချယ်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။

ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​အ​သင်း​တော်​တိုင်း ၌ အ​သင်း​တော်​လူ​ကြီး​များ​ကို​ခန့်​ထား​ကြ​၏။ ထို​နောက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​အ​စာ​ရှောင် ပြီး​လျှင် အ​သင်း​တော်​ဝင်​တို့​ယုံ​ကြည်​ကြ သည့်​သ​ခင်​ဘု​ရား​၏​လက်​တော်​သို့​ထို​သူ တို့​ကို​အပ်​ကြ​၏။-

သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​အ​တွက်​အ​ချိန် ပေး​ရန် ကြို​တင်​သ​ဘော​တူ​ညီ​ချက်​အ​ရ​ခေတ္တ ဆိုင်း​ငံ့​ခြင်း​မှ​တစ်​ပါး မိ​မိ​တို့​၏​လင်​မ​ယား ဝတ်​များ​ကို​မ​ပျက်​မ​ကွက်​ကြ​စေ​နှင့်။ ဆု​တောင်း ပတ္ထ​နာ​ပြု​ချိန်​ကုန်​ဆုံး​သော​အ​ခါ​၌​မူ ပြန် လည်​ပေါင်း​သင်း​၍​နေ​ကြ​လော့။ သို့​မှ​သာ​လျှင် မိ​မိ​တို့​၏​စိတ်​ကို​ချုပ်​တည်း​နိုင်​လျက် စာ​တန် သွေး​ဆောင်​ခြင်း​ကို​ခံ​နိုင်​ကြ​လိမ့်​မည်။

အ​လုပ်​ကို​ပင်​ပန်း​ခက်​ခဲ​စွာ​လုပ်​ကိုင်​ရ​ခြင်း မ​ကြာ​ခ​ဏ​အ​အိပ်​ပျက်​ခြင်း၊ ဆာ​လောင် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ ဝ​အောင်​မ​စား​ရ​ခြင်း၊ အ​အေး​ဒဏ်​ခံ​ရ ခြင်း၊ ဝတ်​စ​ရာ​လည်း​လုံ​လောက်​စွာ​မ​ရှိ ခြင်း​များ​ကို​ငါ​ခံ​ရ​၏။-

သင်​တို့​အား​ကူ​ညီ​စောင်​မ​တော်​မူ​ရန်​ဘု​ရား သ​ခင်​အား​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​လော့။ ဝိ​ညာဉ်​တော်​ညွှန်​ကြား​တော်​မူ​သည့်​အ​တိုင်း အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ကြ​လော့။ ထို့​ကြောင့် နိုး​နိုး​ကြား​ကြား​နေ​ကြ​လော့။ ဇွဲ​သတ္တိ​ရှိ​ကြ လော့။ အ​ခါ​မ​လပ်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​တွက်​ဆု​တောင်း​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ