မဿဲ 16:21Common Language Bibleသခင်ယေရှုသည်ယေရုရှလင်မြို့သို့သွား၍ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ် ကြီးများနှင့်ကျမ်းတတ်ဆရာများ၏လက် တွင်ဒုက္ခဝေဒနာခံတော်မူရမည့်အကြောင်း ကိုလည်းကောင်း၊ သုံးရက်မြောက်သောနေ့၌သေ ခြင်းမှထမြောက်တော်မူမည့်အကြောင်းကို လည်းကောင်းတပည့်တော်တို့အားထိုအချိန် မှစ၍ပွင့်လင်းစွာဖော်ပြတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ပေတရုသည်ကိုယ်တော်အားမလှမ်းမကမ်းနေရာ သို့ပင့်ဖိတ်ပြီးလျှင် ``သခင်ဘုရား၊ ကိုယ်တော်ရှင် ဖော်ပြခဲ့သည့်အမှုအရာများမဖြစ်ပျက်စေ ရန်ဘုရားသခင်ဆီးတားတော်မူပါစေသော။ ကိုယ်တော်ရှင်သည်ထိုအမှုအရာများနှင့် အဘယ်အခါ၌မျှမကြုံမတွေ့ရပါစေနှင့်'' ဟုပြစ်တင်လျှောက်ထား၏။
ကိုယ်တော်က ``လူသားသည်ဒုက္ခဝေဒနာများစွာ ခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ သည်လူသားကိုပစ်ပယ်ကြလိမ့်မည်။ သူသည် အသတ်ခံရမည်။ သို့သော်အသတ်ခံရပြီးနောက် သုံးရက်ကြာသော်ရှင်ပြန်ထမြောက်လိမ့်မည်'' ဟု တပည့်တော်တို့အားသွန်သင်တော်မူ၏။-