Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 15:8

Common Language Bible

`ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး​ကူး ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။ သူ​တို့​သည်​လူ့​ပ​ညတ်​များ​ကို​ဘု​ရား​ပေး​ပ​ညတ် သ​ဖွယ် သင်​ကြား​ပို့​ချ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။

ထာ​ဝ​ရ​ဘု​ရား​က``ဤ​သူ​တို့​သည်​ငါ့​အား နှုတ်​ဖြင့် ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော် လည်း​သူ​တို့​၏​စ​ကား​များ​သည်​အ​ဋ္ဌိ​ပ္ပါယ် မ​ရှိ။ သူ​တို့​၏​စိတ်​သည်​လည်း​အ​ရပ်​တစ်​ပါး သို့​ရောက်​၍​နေ​၏။ သူ​တို့​၏​ဘာ​သာ​တ​ရား သည် မိ​မိ​တို့​အ​လွတ်​ကျက်​မှတ်​ထား​သည့်​လူ့ ထုံး​တမ်း​စဉ်​လာ​နှင့်​နည်း​ဥ​ပ​ဒေ​များ​သာ လျှင်​ဖြစ်​ပေ​သည်။-

ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​စိုက်​ပျိုး​တော် မူ​သ​ဖြင့် သူ​တို့​သည်​အ​မြစ်​စွဲ​ကာ​ကြီး​ပွား​လျက် အ​သီး​အ​နှံ​များ​အောင်​ကြ​ပါ​၏။ သူ​တို့​သည်​အ​စဉ်​ပင်​ကိုယ်​တော်​ရှင်​ကောင်း မြတ် တော်​မူ​ကြောင်း​ကို​ပြော​ဆို​ကြ​သော်​လည်း၊ အ​မှန်​အား​ဖြင့်​ကိုယ်​တော်​ရှင်​ကို​ပ​မာ​ဏ မပြု​ကြ​ပါ။

သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​သည်​သင်​ပြန် ကြား​ရန် ရှိ​သည့်​အ​မိန့်​တော်​ကို​နား​ထောင် ရန်​သင့်​ရှေ့​သို့​စု​ရုံး​လာ​ကြ​၏။ သို့​ရာ​တွင် သူ​တို့​သည်​သင်​ပြော​သည့်​အ​တိုင်း​မ​လုပ် ကြ။ ချစ်​ဖွယ်​သော​စ​ကား​များ​ပြော​ဆို​နေ ကြ​သော်​လည်း​လော​ဘ​စိတ်​အ​တိုင်း​ကျင့် ကြံ​ကြ​၏။-

အ​ချင်း​ကြောင်​သူ​တော်​တို့၊ သင်​တို့​နှင့်​ပတ်​သက်​၍ ဘု​ရား​သ​ခင်​သည်​ဟေ​ရှာ​ယ​အား​ဖြင့်၊

ကိုယ်​တော်​က ``သင်​တို့​၏​အ​ကြောင်း​ပ​ရော​ဖက် ဟေ​ရှာ​ယ​ဟော​ကြား​ချက်​မှာ​မှန်​လှ​ပါ​သည် တ​ကား။ သင်​တို့​သည်​ကြောင်​သူ​တော်​များ​ဖြစ် ကြ​၏။ ထို့​ကြောင့်​ဟေ​ရှာ​ယ​သည်​သင်​တို့​ကို ရည်​မှတ်​လျက်၊ `ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး ကူး​ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။

နာ​သ​နေ​လ​လာ​နေ​သည်​ကို​သ​ခင်​ယေ​ရှု​မြင် တော်​မူ​လျှင် ``ပ​ရိ​ယာယ်​ကင်း​သူ​ဣသ​ရေ​လ အ​မျိုး​သား​စစ်​ကို​ကြည့်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။

သား​တော်​အား​တ​ရား​စီ​ရင်​ပိုင်​ခွင့်​ရှိ​သ​မျှ ကို​ပေး​အပ်​ထား​တော်​မူ​၏။ သို့​ဖြစ်​၍​လူ​တို့ သည်​ခ​မည်း​တော်​အား​ရို​သေ​ကြ​သည်​နည်း တူ သား​တော်​အား​ရို​သေ​ရ​ကြ​မည်။ သား​တော် အား​မ​ရို​သေ​သော​သူ​သည်​သား​တော်​ကို​စေ လွှတ်​တော်​မူ​သော​ခ​မည်း​တော်​အား​မ​ရို​သေ သူ​ဖြစ်​၏။

ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သင်​၏​စိတ်​ထား မ​မှန်​ကန်​သ​ဖြင့် ငါ​တို့​၏​အ​လုပ်​တွင်​သင် မ​ပါ​ဝင်​နိုင်။-

ယုံ​ကြည်​သူ​ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​ကျော​ခိုင်း​သွား​သည် တိုင်​အောင် ဆိုး​ညစ်​ယုံ​မှား​တတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​သင်​တို့​တွင်​မ​ရှိ​စေ​ရန်​သ​တိ​ပြု ကြ​လော့။-

အောက်​ပါ​ကျမ်း​စာ​တော်​အ​ရ​ဖော်​ပြ​သည် နှင့်​အ​ညီ​ဖြစ်​သည်။ ``မိ​မိ​ဘ​ဝ​ကို​ချစ်​မြတ်​နိုး​၍​စီး​ပွား​ချမ်း သာ​ကို အ​လို​ရှိ​သူ​သည်၊ မိ​မိ​၏​လျှာ​ကို​မ​ညစ်​ညမ်း​စေ​ရန်​ထိန်း​သိမ်း ရ​မည်။ မိ​မိ​နှုတ်​ကို​လည်း​လိမ်​လည်​လှည့်​ဖြား​မှု​နှင့် ကင်း​စေ​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ