မဿဲ 15:6Common Language Bibleထိုသူသည်မိဘအားထောက်ပံ့ရန်မလိုဟုသင် တို့သွန်သင်ကြ၏။ ဤသို့လျှင်သင်တို့သည်မိမိ တို့၏ထုံးတမ်းစဉ်လာများကိုလိုက်နာရန်ဘုရား သခင်၏ပညတ်တော်ကိုပစ်ပယ်ကြ၏။- အခန်းကိုကြည့်ပါ။ |
ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
ယုံကြည်သူအမျိုးသမီးတစ်စုံတစ်ယောက် သည် မိမိ၏ဆွေမျိုးသားချင်းစုတွင်မုဆိုးမ များရှိပါမူသူတို့အားကျွေးမွေးပြုစုရ မည်။ သူတို့အတွက်အသင်းတော်ကိုဝန်မလေး စေသင့်။ သို့မှသာလျှင်အသင်းတော်သည်ခို ကိုးရာမဲ့သည့်မုဆိုးမများအားကျွေးမွေး ပြုစုနိုင်လိမ့်မည်။