မဿဲ 15:33Common Language Bibleတပည့်တော်တို့က ``ဤမျှကြီးမားသည့်လူပရိ သတ်စားလောက်အောင်အစားအစာများကို အကျွန်ုပ်တို့သည်ဤတောကန္တာရတွင်အဘယ် သို့ရနိုင်ပါမည်နည်း'' ဟုလျှောက်ကြလျှင်၊ အခန်းကိုကြည့်ပါ။ |
သခင်ယေရှုသည်တပည့်တော်တို့အားအထံ တော်သို့ခေါ်ဆောင်တော်မူပြီးလျှင် ``ဤလူ အပေါင်းတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် နေခဲ့ကြ၏။ သူတို့မှာအစားအစာမရှိကြ တော့သဖြင့်သူတို့ကိုငါသနား၏။ လမ်းတွင် အားပြတ်မည်စိုးရိမ်ရသဖြင့်သူတို့အား အစားအစာမကျွေးဘဲအိမ်သို့မပြန်စေ လို'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က ``သင်တို့ပင်ထိုသူတို့အားစား စရာကိုကျွေးမွေးကြလော့'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့က ``အကျွန်ုပ်တို့သည်ဤလူထု အတွက်အစားအစာများကိုသွား၍ဝယ်ရ ပါမည်လော။ အကျွန်ုပ်တို့ထံမှာမုန့်ငါးလုံး နှင့်ငါးနှစ်ကောင်သာရှိပါ၏'' ဟုပြန်လည် လျှောက်ထားကြ၏။-