Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 14:27

Common Language Bible

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အား​မ​ငယ်​ကြ​နှင့်။ ငါ ပင်​ဖြစ်​သည်။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။

ထာ​ဝ​ရ​ဘု​ရား​က ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​၏​အ​မျိုး​သည် သေး​ငယ်​၍ ချည့်​နဲ့​သော်​လည်း၊ မ​ကြောက်​ကြ​နှင့်၊သင်​တို့​ကို​ငါ​ကူ​မ​တော်​မူ မည်။ သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင် ငါ​ပင်​ဖြစ်​ပေ​သည်။

ဤ​သို့​ဖြစ်​ပျက်​စေ​သူ​ကား​အ​ဘယ်​သူ​နည်း။ အ​ဘယ်​သူ​သည်​သ​မိုင်း​၏​ဖြစ်​ရပ်​များ​ကို စီ​ရင်​ဖန်​တီး​တော်​မူ​ပါ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ကပ်​ကာ​လ​အ​စ က​ပင်​လျှင် ရှိ​နေ​တော်​မူ​ခဲ့​၍၊ ထာ​ဝ​ရ​အ​ရှင်​ငါ​ဘု​ရား​သ​ခင်​သည်​ကပ် ကာ​လ အ​ဆုံး​၌​လည်း​ရှိ​နေ​တော်​မူ​လတ္တံ့။

ထာ​ဝ​ရ​ဘု​ရား​က၊ ``သင်​တို့​ကို​ခွန်​အား​ဖြင့်​ပြည့်​ဝ​စေ​သူ​မှာ​ငါ​ပင် ဖြစ်​၏။ မြက်​ပင်​တ​မျှ​သာ​အ​သက်​ရှည်​သူ သေ​မျိုး​လူ​သား​အား၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ကြောက်​လန့်​ရ​ပါ​မည်​နည်း။

ပေ​တ​ရု​က ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖြစ်​ပါ​မူ၊ အ​ကျွန်ုပ်​သည်​ရေ​ပေါ်​မှာ​လျှောက်​၍​အ​ထံ​တော်​သို့ လာ​နိုင်​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။

သခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​သူ​တို့​ကို လက်​ဖြင့်​တို့​ထိ​ပြီး​လျှင် ``ထ​ကြ။ မ​ကြောက် ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။-

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``မ​ကြောက်​ကြ​နှင့်။ သွား​၍​ငါ​၏​ညီ​အစ်​ကို​များ​အား​ဂါ​လိ​လဲ ပြည်​သို့​သွား​ရန်​ပြော​ကြား​ကြ​လော့။ သူ​တို့ သည်​ထို​ပြည်​တွင်​ငါ့​ကို​မြင်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ကောင်း​ကင်​တ​မန်​က​အ​မျိုး​သ​မီး​တို့​အား ``မ ကြောက်​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ အ​သတ်​ခံ​ရ​သည့်​ယေ​ရှု​ကို​သင်​တို့​ရှာ​နေ ကြောင်း​ကို​ငါ​သိ​၏။-

ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​လူ​တစ်​ယောက် ကို​ထမ်း​စင်​ထက်​တင်​၍ အ​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​ယုံ​ကြည် ခြင်း​ရှိ​ပုံ​ကို​မြင်​တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား​အား​မ​ငယ်​နှင့်။ သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ထိတ် လန့်​ကြ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ​ကိုယ်​တော် က ``အား​မ​ငယ်​ကြ​နှင့်။ ငါ​ပင်​တည်း။ မ​ကြောက် ကြ​နှင့်'' ဟု​သူ​တို့​အား​မိန့်​တော်​မူ​၏။-

သို့​ရာ​တွင်​ကောင်း​ကင်​တ​မန်​က ``ဇာ​ခ​ရိ၊ မ​ကြောက်​နှင့်။ ဘု​ရား​သ​ခင်​သည်​သင်​တောင်း လျှောက်​သည့်​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပြီ။ သင်​၏​ဇ​နီး​ဧ​လိ​ရှ​ဗက်​သည်​သား​ရ​တ​နာ ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယောဟန်​ဟု နာ​မည်​မှည့်​ရ​မည်။-

ကောင်း​ကင်​တ​မန်​က ``မာ​ရိ၊ မ​ကြောက်​နှင့်၊ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​မှာ​မျက်​နှာ​ပွင့်​လန်း​ပြီ။-

``သိုး​စု​ငယ်၊ မ​ကြောက်​နှင့်။ သင်​တို့​၏​အ​ဖ သည်​သင်​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​ရန် အ​လို​ရှိ​တော်​မူ​၏။-

ကောင်း​ကင်​တမန်​က ``မ​ကြောက်​ကြ​နှင့်၊ ငါ​သည် လူ​အ​ပေါင်း​တို့​အ​လွန်​ဝမ်း​မြောက်​စ​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​၏။-

ရှိ​မုန်​နှင့်​ငါး​ဖမ်း​ဘက်​ဖြစ်​ကြ​သော​ဇေ​ဗေ​ဒဲ ၏​သား​နှစ်​ယောက်၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည် လည်း​ထို​နည်း​တူ​အံ့​သြ​ကြ​၏။ သ​ခင်​ယေ​ရှု က​ရှိ​မုန်​အား ``မ​ကြောက်​နှင့်၊ ယ​ခု​မှ​စ​၍​သင် တို့​သည်​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​သည်​လော​က​တွင်​ဆင်း​ရဲ​ဒုက္ခ​နှင့်​တွေ့ ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​လော​က​ကို​အောင်​ပြီ'' ဟု​မိန့်​တော် မူ​၏။

ကိုယ်​တော်​က ``မ​ကြောက်​ကြ​နှင့်။ ငါ​ပင်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။-

ထို​ည​၌​သ​ခင်​ဘု​ရား​သည်​ပေါ​လု​၏​အ​နီး​၌ ရပ်​လျက် ``မ​ကြောက်​နှင့်။ သင်​သည်​ယေ​ရု​ရှ​လင် မြို့​တွင် ငါ​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​ခဲ့​သည် နည်း​တူ​ရော​မ​မြို့​တွင်​လည်း​သက်​သေ​ခံ​ရ​ဦး မည်'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ