မိုးသောက်ယံအချိန်ခန့်တွင်ကိုယ်တော်သည်ရေပေါ် မှာစက်တော်ဖြန့်၍တပည့်တော်တို့ထံသို့ကြွလာ တော်မူ၏။-
မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။
မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန်ကို သာသိရလျှင်သတိနှင့်နေလျက် မိမိအိမ်ကို သူခိုးဖောက်ခွင့်ပြုမည်မဟုတ်ကြောင်းသင်တို့ သိမှတ်ကြလော့။-
သင်တို့သည်အိမ်ရှင်အဘယ်အခါကြွလာမည် ကိုမသိ။ ညဥ့်ဦးယံ၌ကြွကောင်းကြွလာပေမည်။ သို့မဟုတ်သန်းခေါင်ယံအချိန်၌သော်လည်းကောင်း ကြက်ဦးတွန်ချိန်၌သော်လည်းကောင်း၊ မိုးသောက် ယံ၌သော်လည်းကောင်းကြွလာနိုင်ပေသည်။-
လေကိုဆန်၍ခက်ခဲစွာလှော်ခတ်ရကြသဖြင့် တပည့်တော်တို့သည်ဒုက္ခရောက်လျက်ရှိကြသည် ကိုမြင်တော်မူသောအခါ ကိုယ်တော်သည်ရေပေါ် မှာလျှောက်၍သူတို့ထံသို့ကြွတော်မူ၏။ အချိန် ကားမိုးသောက်ယံအချိန်ဖြစ်၏။ ကိုယ်တော်သည် သူတို့အနီးမှဖြတ်ကျော်၍ကြွမည်ပြု၏။-
သူသည်သန်းခေါင်ယံ၌သော်လည်းကောင်း၊ မိုးသောက်ယံ၌သော်လည်းကောင်းကြွလာ သောအခါ စောင့်မျှော်လျက်နေသောအစေခံ တို့သည်မင်္ဂလာရှိကြ၏။-
တပည့်တော်တို့သည်သုံးလေးမိုင်ခန့်လှော်ခတ် ပြီးသောအခါ သခင်ယေရှုရေပေါ်မှာစက်တော် ဖြန့်၍ မိမိတို့အနီးသို့ကြွလာသည်ကိုမြင် ကြ၏။ ထိုအခါသူတို့သည်ကြောက်လန့်ကြ၏။-
သူသည်ဖွင့်ထားသောစာစောင်ငယ်ကိုကိုင် ထား၏။ လက်ယာခြေဖြင့်ပင်လယ်ပေါ်၌လည်း ကောင်း၊ လက်ဝဲခြေဖြင့်ကုန်းမြေပေါ်၌လည်း ကောင်းရပ်လျက်၊-
ထိုနောက်ပင်လယ်နှင့်ကုန်းမြေပေါ်တွင်ရပ်နေ သောကောင်းကင်တမန်သည် မိမိ၏လက်ယာ ကိုကောင်းကင်သို့မြှောက်ချီကာ၊-
ကောင်းကင်မှငါကြားရသည့်မိန့်မြွက်သံက ငါ့အား``သွားလော့။ ပင်လယ်နှင့်ကုန်းမြေပေါ် တွင်ရပ်လျက်နေသောကောင်းကင်တမန်လက် ၌ဖွင့်ထားသောစာစောင်ကိုယူလော့'' ဟုဆို ပြန်၏။