ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အား အိမ်သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းပင် တပည့်တော်တို့အားလှေပေါ်သို့တက်စေ၍ အိုင်တစ်ဖက်သို့ကူးစေတော်မူ၏။-
ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။
အမျိုးသမီးနှင့်ကလေးများမှအပမုန့်စားသူ ယောကျာ်းဦးရေမှာငါးထောင်မျှရှိသတည်း။
ထိုနောက်ကိုယ်တော်သည်လူတို့အားမိမိရပ်ရွာ သို့ပြန်စေတော်မူပြီးနောက် လှေစီး၍မာဂ ဒါလနယ်သို့ကြွတော်မူ၏။
သိလနှင့်တိမောသေတို့မာကေဒေါနိပြည် မှရောက်လာကြသောအခါ ပေါလုသည်တရား ဟောခြင်းအမှုကိုသာဆောင်ရွက်လျက် မေရှိယ သည်သခင်ယေရှုပင်ဖြစ်ကြောင်းယုဒအမျိုး သားတို့အားသေချာစွာရှင်းပြ၏။-