``ဤသူသည်ဗတ္တိဇံဆရာယောဟန်ပင်တည်း။ သူသည်သေရာမှအသက်ပြန်ရှင်လေပြီ။ သို့ ဖြစ်၍အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြုလျက် ရှိ၏'' ဟုမိမိအမှုထမ်းအရာထမ်းတို့အား မိန့်တော်မူ၏။
လူ့သမိုင်းတွင်ယောဟန်ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်မျှမရှိဟု သင်တို့အားငါဆို၏။ သို့ရာ တွင်ကောင်းကင်နိုင်ငံတော်၌ အသိမ်ငယ်ဆုံးသော သူသည်ယောဟန်ထက်ကြီးမြတ်၏။-
``လူအချို့ကအရှင်သည်ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ အချို့ကဧလိယဖြစ်သည်။ အချို့က ယေရမိသို့မဟုတ်အခြားပရောဖက်တစ်ပါး ပါးဖြစ်သည်ဟုပြောဆိုကြပါသည်'' ဟုလျှောက် ကြ၏။
ထိုအခါကာလ၌ဗတ္တိဇံဆရာယောဟန် သည် ``နောင်တရကြလော့။ ကောင်းကင်နိုင်ငံ တော်တည်လုနီးပြီ'' ဟုယုဒတောကန္တာရ၌ ဟောပြောလျက်ပေါ်ထွန်းလာ၏။-
သခင်ယေရှုအကြောင်းသတင်းတော်သည်ကျော် ကြားလာသဖြင့် ဟေရုဒ်ဘုရင်၏နားတော်သို့ပင် ရောက်ရှိလေသည်။ လူအချို့တို့က ``သေရာမှ ပြန်ရှင်လာသောဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သို့ဖြစ်၍သူသည်နိမိတ်လက္ခဏာများကိုပြ လျက်ရှိ၏'' ဟုဆိုကြ၏။
``လူအချို့ကအရှင်သည်ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ အချို့ကဧလိယဖြစ်သည်။ အချို့က မူပရောဖက်တစ်ပါးဖြစ်သည်ဟူ၍ပြောဆိုကြ ပါသည်'' ဟုတပည့်တော်တို့လျှောက်ထားကြ၏။
ဂါလိလဲဘုရင်ခံမင်းကြီးဟေရုဒ်မင်းသည် ကိုယ် တော်ပြုတော်မူသောအမှုအရာများအကြောင်း ကိုကြား၏။ လူအချို့က ``ဗတ္တိဇံဆရာယောဟန် သေရာမှရှင်ပြန်လေပြီ'' ဟူ၍လည်းကောင်း၊-
လူအများအပြားပင်အထံတော်သို့လာ ကြ၏။ သူတို့က ``ယောဟန်သည်အဘယ်အံ့ ဖွယ်နိမိတ်လက္ခဏာကိုမျှမပြခဲ့။ သို့ရာ တွင်ဤသူအကြောင်းနှင့်ပတ်သက်၍ယောဟန် ပြောသမျှမှန်ပေ၏'' ဟုဆိုကြ၏။-