လင်ပန်းပေါ်တွင်တင်၍သူငယ်မအားပေးစေ တော်မူ၏။ သူငယ်မသည်လည်းထိုဦးခေါင်းကို မိခင်ထံသို့ယူဆောင်သွား၏။-
သူတို့သည်ဒေါသပြင်းထန်၍အမျက်စူးရှ သဖြင့် ကျိန်စာသင့်ခြင်းခံရကြပါစေသတည်း။ ငါသည်သူတို့အားဣသရေလပြည်တွင် အနှံ့အပြားကွဲလွင့်စေမည်။ မိမိလူမျိုးများထဲတွင်လူစုကွဲစေမည်။
မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ သူတပါးအသက်ကို စောင့်မတတ်ကြ၏။
``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သော ကြောင့်သင်သည်သေရလိမ့်မည်။ အသက် ချမ်းသာရနိုင်မည်မဟုတ်။ သင်သည်လူ သတ်သမားဖြစ်သဖြင့်သင်ကိုယ်တိုင် အသတ်ခံရလိမ့်မည်။-
သို့ဖြစ်၍ယောဟန်၏ဦးခေါင်းကိုထောင်ထဲတွင် ဖြတ်စေပြီးလျှင်၊-
ယောဟန်၏တပည့်တို့သည်လာ၍အလောင်းကို ယူပြီးလျှင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သခင်ယေရှု ထံသို့သွား၍သတင်းပေးကြ၏။
သူငယ်မသည်လည်းမိခင်၏တိုက်တွန်းချက် အရ ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တွင်တင်၍အကျွန်ုပ်အားဤနေရာ တွင်ပင်ပေးတော်မူပါ'' ဟုတောင်းလျှောက်၏။
ထိုသူတို့သည်ဘုရားသခင်၏လူစုတော်နှင့် ပရောဖက်တို့၏သွေးကိုသွန်းခဲ့ကြသဖြင့် ကိုယ်တော်သည်သူတို့သောက်ရန်သွေးကိုပေး တော်မူလေပြီ။ ထိုသူတို့ခံထိုက်သောဒဏ်ကို ခံရကြပါ၏'' ဟုလျှောက်ထား၏။-
ထိုအမျိုးသမီးသည်ဘုရားသခင်လူစုတော် ၏သွေးကိုလည်းကောင်း၊ သခင်ယေရှုကိုသစ္စာ ရှိသဖြင့် အသတ်ခံရသူတို့၏သွေးကိုလည်း ကောင်းသောက်၍ယစ်မူးလျက်ရှိသည်ကိုငါ တွေ့မြင်ရ၏။ သူ့ကိုမြင်ရသောအခါငါသည်လွန်စွာ အံ့သြ၍နေ၏။-