Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 13:14

Common Language Bible

ထို့​ကြောင့်၊ `ဤ​သူ​တို့​သည်​ကြား​လျက်​နှင့်​နား​လည်​လိမ့်​မည် မ​ဟုတ်။ မြင်​လျက်​နှင့်​သိ​လိမ့်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​နိုင်၊ နား​ရှိ​လျက်​နှင့်​မ​ကြား​နိုင်​သူ၊ အ​ချင်း​မိုက်​မဲ​ထုံ​ထိုင်း​သော​လူ​တို့၊ နား​ထောင်​ကြ​လော့။-

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​ပုန်​ကန် တတ်​သည့်​လူ​မျိုး​အ​ထဲ​မှာ​နေ​ရ​၏။ သူ​တို့​သည် မျက်​စိ​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ကြ။ နား​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ ကြား​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သော​ကြောင့်​တည်း။''

အ​ဘယ်​ကြောင့်​ဆို​သော်၊ `သူ​တို့​သည်​ကြည့်​လျက်​နှင့်​လည်း​မ​မြင်၊ ကြား​လျက်​နှင့်​လည်း​နား​မ​လည်​ကြ။ အ​ကယ်​၍​သူ​တို့​သာ​မြင်​၍​နား​လည်​ပါ​မူ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ပြောင်း​လဲ​ကြ​မည် ဖြစ်​သ​ဖြင့်၊ ကိုယ်​တော်​သည်​သူ​တို့​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​ပေ​အံ့' ဟု​ကျမ်း​စာ​လာ​သော​ကြောင့်​ဖြစ်​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း အ​ရာ​များ​ကို​သိ​နား​လည်​ရ​ကြ​၏။ အ​ခြား သူ​တို့​မူ​ကား​ကြည့်​လျက်​နှင့်​မ​မြင်၊ ကြား​လျက် နှင့်​နား​မ​လည်၊ ပုံ​ဥ​ပ​မာ​များ​အား​ဖြင့်​ဟော​ရ​၏။

သို့​ရာ​တွင်​ထို​သ​တင်း​ကောင်း​ကို​လူ​တိုင်း မ​ယုံ​ကြ။ ဟေ​ရှာ​ယ​ကိုယ်​တိုင်​က``အို ထာ​ဝ​ရ ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​ကြေ​ညာ​သော​သ​တင်း ကို​အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း'' ဟု​ဆို​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စိတ်​နှ​လုံး​သည် ထိုင်း​မှိုင်း​လျက်​ရှိ​ခဲ့​၏။ ယ​နေ့​တိုင်​အောင်​ပင်​လျှင် ပ​ဋိ​ညာဉ်​တ​ရား​ဟောင်း​ကို​ဖတ်​သည့်​အ​ခါ​တိုင်း သူ​တို့​စိတ်​နှ​လုံး​သည်​ယင်း​ပ​ဝါ​ဖြင့်​ဖုံး​အုပ် လျက်​ရှိ​၏။ ခ​ရစ်​တော်​အား​ဖြင့်​သာ​လျှင်​ယင်း ပ​ဝါ​ကို​ပယ်​ရှား​ရ​၏။-

သို့​ရာ​တွင်​သင်​တို့​တွေ့​ကြုံ​ခဲ့​ရ​သ​မျှ ကို​သ​ဘော​ပေါက်​နား​လည်​နိုင်​သည့်​ဉာဏ်​ကို ယ​နေ့​တိုင်​အောင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ပေး​တော်​မ​မူ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ