Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 12:42

Common Language Bible

ဒက္ခိဏ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရန် ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ​ရောက်​ခဲ့​၏။ သို့​ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သူ​သည် ထ​၍​သင်​တို့​အား​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်။ ဤ အ​ရပ်​တွင်​ရှော​လ​မုန်​မင်း​ထက်​ကြီး​မြတ်​သည့် အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ​ဟု​ငါ​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​ကမ္ဘာ​အ​ရပ်​ရပ်​မှ​လူ​တို့​သည်​မင်း​ကြီး အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဉာဏ်​ပ​ညာ ဖြင့် မြွက်​ဆို​သည့်​စ​ကား​များ​ကို​ကြား​နာ​ရန် လာ​ရောက်​ကြ​၏။-

သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်။ သင် ၏​အ​လျင်​အ​ဘယ်​သူ​မျှ​မ​ရ​ရှိ​စ​ဖူး၊ သင်​၏ နောက်​၌​လည်း​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်​သည့် ဉာဏ် ပ​ညာ​နှင့်​အ​သိ​တ​ရား​ကို​သင်​အား​ငါ​ပေး မည်။-

ရှော​လ​မုန်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို ဣသ​ရေ​လ ပြည်​သူ​ပြည်​သား​တို့​ကြား​ကြ​သော​အ​ခါ ဘု​ရား သခင်​သည်​မင်း​ကြီး​အား​တ​ရား​မျှ​တ​စွာ​စီ​ရင် ဆုံး​ဖြတ်​နိုင်​သော​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ ကြောင်း​သိ​ရှိ​လျက် မင်း​ကြီး​အား​လွန်​စွာ​ရို​သေ ကြ​၏။

သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​နိုင်​စေ​ရန် အ​ကျွန်ုပ် အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​ပါ။ ယင်း​သို့ ပေး​တော်​မ​မူ​ပါ​လျှင်​အ​ကျွန်ုပ်​သည် ဤ​မျှ များ​ပြား​သော​ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​ကို အ​ဘယ်​သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း''ဟု တောင်း​လျှောက်​လေ​၏။

ဘု​ရား​သ​ခင်​သည်​ရှော​လ​မုန်​အား ထူး​ကဲ သော​ဉာဏ်​ပ​ညာ​နှင့်​ထိုး​ထွင်း​ဉာဏ်​ကို​လည်း ကောင်း၊ အ​တိုင်း​မ​သိ​သော​အ​သိ​တ​ရား ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။-

ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​မင်း​တို့​သည်​ရှော​လ​မုန်​၏ ပ​ညာ​သ​တင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ စေ​တ​မန်​များ​ကို​လွှတ်​၍​သူ​၏​သြ​ဝါ​ဒ များ​ကို​ကြား​နာ​စေ​ကြ​၏။

ထာ​ဝရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ရှော​လ​မုန်​အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​၏။ ဟိ​ရံ​နှင့်​ရှော​လ​မုန်​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​လျက် မ​ဟာ​မိတ်​စာ​ချုပ်​ချုပ်​ဆို​ကြ လေ​သည်။

ယ​ခု​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင် သင့် အား​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ လိမ့်​မည်။ အ​မျိုး​သ​မီး​ပျို​တစ်​ယောက်​သည် ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်။ သူ​သည်​ထို​သား​ကို`ဧ​မာ​နွေ​လ' ဟု​နာ​မည်​ပေး​လိမ့်​မည်။-

နိ​နေ​ဝေ​မြို့​သား​တို့​သည်​ယော​န​၏​ဟော​ပြော​ချက် ကြောင့်​နောင်​တ​ရ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် တရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထ​၍​သင်​တို့​အား ပြစ်​တင်​စွပ်​စွဲ​ကြ​လိမ့်​မည်။ ဤ​အ​ရပ်​တွင်​ယော​န ထက်​ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။

ဤ​အ​ရပ်​တွင်​ဗိ​မာန်​တော်​ထက်​ကြီး​မြတ်​သော အ​ရာ​ရှိ​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။-

ဤ​သို့​ပေ​တ​ရု​လျှောက်​ထား​စဉ်​ပင်​တောက်​ပ​သော မိုး​တိမ်​တိုက်​တစ်​ခု​၏​အ​ရိပ်​သည်​သူ​တို့​အ​ပေါ် သို့​ကျ​လာ​၏။ မိုး​တိမ်​တိုက်​ထဲ​မှ ``ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ သူ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက်​ပေါ် လာ​၏။

ထို​နောက် ``ဤ​သူ​ကား​ငါ​၏​ချစ်​သား​ဖြစ်​၏။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏'' ဟု​ကောင်း​ကင်​မှ အ​သံ​တော်​ပေါ်​ထွက်​လာ​၏။

နှုတ်​က​ပတ်​တော်​သည်​လူ​ဇာ​တိ​ကို​ခံ​ယူ​၍ ကျေး​ဇူး​တော်၊ သစ္စာ​တော်​နှင့်​ပြည့်​စုံ​လျက် ငါ​တို့​ထံ​တွင်​စံ​နေ​တော်​မူ​၏။ ငါ​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင် ရ​ကြ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​ကား​ခ​မည်း တော်​၏​တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ် ဖြင့်​ခံ​ယူ​ရ​ရှိ​သော​ဘုန်း​အ​သ​ရေ​တော်​ပင် ဖြစ်​သ​တည်း။

လူ​တစ်​စုံ​တစ်​ယောက်​မျှ​ဘု​ရား​သ​ခင်​ကို​မ​မြင် စ​ဖူး​သော်​လည်း ခ​မည်း​တော်​၏​ရင်​ခွင်​၌​ရှိ​တော် မူ​သော၊ ဘု​ရား​ဖြစ်​တော်​မူ​သော၊ တစ်​ပါး​တည်း သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို​ထင်​ရှား စေ​တော်​မူ​ပြီ။

သင်​တို့​က`အ​ကျွန်ုပ်​တို့​သည်​ပညတ်​တ​ရား တော်​ကို​ကြား​နာ​စောင့်​ထိန်း​နိုင်​ရန် အ​ဘယ် သူ​သည်​သ​မုဒ္ဒ​ရာ​ကို​ဖြတ်​ကူး​၍​အ​ကျွန်ုပ် တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​မည်​နည်း' ဟူ​၍ မေး​မြန်း​ရ​လောက်​အောင်​သ​မုဒ္ဒ​ရာ​တစ် ဖက်​စွန်း​၌​ရှိ​သည်​မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ