Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 12:36

Common Language Bible

``သင်​တို့​အား​ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော် မူ​ရာ​နေ့​၌​လူ​တို့​သည်​မိ​မိ​တို့​အ​ကျိုး​မဲ့​ပြော​ဆို သော​စ​ကား​များ​အ​တွက်​စစ်​ဆေး​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လတ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။

အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ထက်​ပို​၍ အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်။

သို့​ရာ​တွင်​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ သင်​တို့​သည် တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တို့​ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ ပေ​အံ့။-

သင်​တို့​အ​ပြစ်​ဒဏ်​ခံ​ထိုက်​သည်​မ​ခံ​ထိုက်​သည် ကို​သင်​တို့​ပြော​ဆို​သည့်​စ​ကား​များ​အ​ရ ဘု​ရား​သ​ခင်​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မိ​မိ​တို့​ပြု​ခဲ့ သ​မျှ​ကို ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ကြ ရ​မည်။

သို့​ဖြစ်​၍​ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း ကောင်း​အ​ရ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဘု​ရား သ​ခင်​သည်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​လူ​ခပ်​သိမ်း တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို ထို သို့​စစ်​ဆေး​စီ​ရင်​တော်​မူ​ပေ​အံ့။

လျှာ​သည်​မီး​နှင့်​တူ​၍​အ​ပြစ်​ဒု​စ​ရိုက်​ဖြင့် ပြည့်​ဝ​သော​ကမ္ဘာ​ဖြစ်​၏။ ယင်း​သည်​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​တစ်​ခု​အ​ဖြစ်​ဖြင့်​တည်​ရှိ​ကာ၊ ငါ​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သို့​အ​ပြစ်​ဒု​စ​ရိုက် ကူး​စက်​ပျံ့​နှံ့​စေ​လေ​သည်။ လျှာ​သည်​င​ရဲ​မှ ရ​ရှိ​သည့်​မီး​ဖြင့်​ငါ​တို့​၏​ဘ​ဝ​တစ်​ခု လုံး​ကို​ကျွမ်း​လောင်​စေ​တတ်​၏။-

သေ​လွန်​သူ​အ​ကြီး​အ​ငယ်​တို့​သည်​ပလ္လင် တော်​ရှေ့​၌​ရပ်​လျက်​နေ​ကြ​သည်​ကို​လည်း ကောင်း၊ စာ​စောင်​များ​ကို​ဖွင့်​သည်​ကို​လည်း ကောင်း​ငါ​မြင်​ရ​၏။ ထို​နောက်​အ​သက်​စာ စောင်​တည်း​ဟူ​သော​အ​ခြား​စာ​စောင်​ကို ဖွင့်​လိုက်​၏။ သေ​လွန်​သူ​တို့​သည်​ထို​စာ စောင်​များ​တွင်​မှတ်​တမ်း​တင်​ထား​သည့် မိ​မိ​တို့​အ​ကျင့်​များ​နှင့်​အ​ညီ​တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ