Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 12:33

Common Language Bible

``အ​သီး​ကောင်း​ကို​ရ​လို​လျှင်​အ​ပင်​ကောင်း​ကို စိုက်​ရ​မည်။ အ​ပင်​ညံ့​သည်​အ​သီး​ညံ့​ကို​သီး လိမ့်​မည်။ အ​သီး​ကို​ထောက်​၍​အ​ပင်​အ​ကြောင်း ကို​သိ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​ဆိုး​ညစ်​မှု​ကို စွန့်​ပစ်​၍ စိတ်​နှ​လုံး​အ​သစ်၊ စိတ်​ဝိ​ညာဉ်​အ​သစ် ကို​ယူ​ကြ​လော့။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သင်​တို့​သည်​အ​ဘယ်​ကြောင့်​သေ ချင်​ကြ​သ​နည်း။-

အ​ဆိုး​ကို​မုန်း​၍​အ​ကောင်း​ကို​မြတ်​နိုး လော့။ ရုံး​တော်​များ​၌​တ​ရား​မျှ​တ​မှု​ရှိ စေ​ရန်​စောင့်​ရှောက်​ကြ​လော့။ ကောင်း​ကင်​ဗိုလ် ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ယော​သပ်​အ​မျိုး​သား​အ​နက်​အ​သက်​ရှင် လျက်​ကျန်​ရစ်​သူ​အ​ချို့​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။

မျက်​မ​မြင်​ဖာ​ရိ​ရှဲ​တို့၊ ပန်း​ကန်​ခွက်​ယောက်​များ အ​တွင်း​ဘက်​ကို​ဦး​စွာ​ဆေး​ကြော​ကြ​လော့။ သို့ ပြု​လျှင်​ပြင်​ပ​သည်​လည်း​သန့်​ရှင်း​စင်​ကြယ် လာ​လိမ့်​မည်။''

သစ်​ပင်​ရင်း​တွင်​ပု​ဆိန်​ကို​ချ​ထား​လျက်​ရှိ​သ​ဖြင့် အ​သီး​ကောင်း​ကို​မ​သီး​သော​အ​ပင်​ဟူ​သ​မျှ​သည် ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​လူ အ​ပေါင်း​တို့​အား​ဆို​၏။

ငါ့​ညီ​အစ်​ကို​တို့၊ သဖန်း​ပင်​သည်​သံ​လွင်​သီး ကို​သီး​နိုင်​ပါ​သ​လော။ စပျစ်​ပင်​သည်​သ​ဖန်း သီး​ကို​သီး​နိုင်​ပါ​သ​လော။ ထို့​အ​တူ​ရေ​ငံ သည်​လည်း​ရေ​ချို​ကို​မ​ဖြစ်​ပေါ်​စေ​နိုင်။

ဘု​ရား​သခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင်​တို့​ထံ​သို့ ကြွ​လာ​တော်​မူ​သည်။ အ​ပြစ်​ကူး​သူ​တို့၊ သင်​တို့​လက်​များ​ကို​ဆေး​ကြော​ကြ​လော့။ မာ​န​ထောင်​သူ​တို့၊ သင်​တို့​၏​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ