ထိုနောက်ကိုယ်တော်ကလက်သေသူအား ``သင်၏ လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည် လက်ကိုဆန့်လိုက်လျှင်ထိုလက်သည်အခြားလက် တစ်ဖက်ကဲ့သို့အကောင်းပကတိဖြစ်လာ၏။-
မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။-
သခင်ယေရှုသည်လက်တော်ကိုဆန့်၍ ``ငါအလို ရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူပြီးလျှင်ထိုသူ ကိုတို့တော်မူ၏။ ချက်ချင်းထိုသူသည်အရေ ပြားရောဂါမှသန့်စင်၍သွားလေသည်။-
သူ၏အပေါ်မှာလက်တော်ကိုတင်တော်မူ သဖြင့် သူသည်ချက်ချင်းပင်ခါးဆန့်သွား၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးကူး လေ၏။
ပုဗလိ၏ဖခင်သည်အဖျားရောဂါ၊ ဝမ်းကိုက် ရောဂါများဖြင့်လဲ၍နေ၏။ ပေါလုသည်သူ၏ အခန်းထဲသို့ဝင်၍ဆုတောင်းပြီးနောက် သူ၏ အပေါ်မှာလက်ကိုတင်၍သူ့ကိုကျန်းမာ လာစေ၏။-