Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 11:8

Common Language Bible

ထို​သို့​မ​ဟုတ်​ပါ​မူ​အ​ဘယ်​ကြောင့်​နည်း။ ဝတ် ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​ကို​ကြည့်​ရှု​ကြ ရန်​လော။ ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​များ ကား​မင်း​အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​က``သူ​သည်​တိ​ရစ္ဆာန်​သား​ရေ​ဖြင့် ချုပ်​လုပ်​ထား​သည့်​ဝတ်​လုံ​ကို​ဝတ်​၍ သား​ရေ ခါး​ပတ်​ကို​စည်း​ထား​ပါ​သည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​သည်​ဧ​လိ​ယ​ဖြစ် ပါ​သည်​တကား'' ဟု​မြွက်​ဆို​တော်​မူ​၏။

လွန်​ခဲ့​သော​သုံး​နှစ်​က​ထာ​ဝ​ရ​ဘု​ရား​သည် အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား မိ​မိ​ဝတ်​ဆင် ထား​သည့်​လျှော်​တေ​အ​ဝတ်​နှင့်​ဖိ​နပ်​ကို​ချွတ် ပစ်​ရန်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဟေ​ရှာ​ယ သည်​အ​ဝတ်​မ​ဝတ်၊ ဖိ​နပ်​မ​စီး​ဘဲ​သွား​လာ လျက်​နေ​ခဲ့​၏။-

ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​အ​ဘယ် ပ​ရော​ဖက်​မျှ မိ​မိ​တွေ့​မြင်​ရ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား​လိမ့်​မည် မ​ဟုတ်။ အ​ဘယ်​သူ​မျှ​ပ​ရော​ဖက်​၏​အ​ပြု အ​မူ​မျိုး​ကို​ပြု​လိမ့်​မည်​မ​ဟုတ်။ လှည့်​ဖျား ရန်​အ​လို​ငှာ​ပ​ရော​ဖက်​၏​အ​ဝတ်​မျိုး​ကို လည်း​ဝတ်​လိမ့်​မည်​မ​ဟုတ်။-

ယော​ဟန်​၏​တ​ပည့်​များ​ပြန်​သွား​ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည် ယော​ဟန်​နှင့်​စပ်​လျဉ်း​၍​လူ​ပရိ သတ်​တို့​အား ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​တော ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက်​၍​လှုပ်​သော ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။-

ထို​သူ​တို့​ကို​ကြည့်​ရှု​ရန်​မ​ဟုတ်​ပါ​မူ​အ​ဘယ် ကြောင့်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​ကြည့်​ရှု ကြ​ရန်​လော။ မှန်​ပေ​၏။ သင်​တို့​သည်​ပ​ရော​ဖက် ထက်​ကြီး​မြတ်​သူ​ကို​မြင်​ရ​ကြ​လေ​ပြီ​ဟု သင်​တို့​အား​ငါ​ဆို​၏။-

ယော​ဟန်​သည်​ကု​လား​အုတ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​၍ သား​ရေ​ခါး​ပန်း​ကြိုး​ကို​စည်း​ထား​၏။ သူ ၏​အ​စား​အ​စာ​မှာ​ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ဖြစ်​၏။-

ထို​သို့​မ​ဟုတ်​ပါ​မူ​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင် ထား​သူ​ကို​ကြည့်​ရှု​ကြ​ရန်​လော။ ဝတ်​ကောင်း​စား လှ​ဝတ်​ဆင်​ကာ​စည်း​စိမ်​ခံ​သူ​များ​ကား​မင်း အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-

ယ​ခု​အ​ချိန်​အ​ထိ​ငါ​တို့​သည်​အ​စာ​ရေ စာ​ငတ်​မွတ်​လျက်​ရှိ​ကြ​၏။ အ​ဝတ်​အ​စား နွမ်း​ပါး​ကြ​၏။ ရိုက်​ပုတ်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ​ရ​၏။ အိမ်​ခြေ​ရာ​ခြေ​မဲ့​လှည့်​လည် ကြ​ရ​၏။-

အ​လုပ်​ကို​ပင်​ပန်း​ခက်​ခဲ​စွာ​လုပ်​ကိုင်​ရ​ခြင်း မ​ကြာ​ခ​ဏ​အ​အိပ်​ပျက်​ခြင်း၊ ဆာ​လောင် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ ဝ​အောင်​မ​စား​ရ​ခြင်း၊ အ​အေး​ဒဏ်​ခံ​ရ ခြင်း၊ ဝတ်​စ​ရာ​လည်း​လုံ​လောက်​စွာ​မ​ရှိ ခြင်း​များ​ကို​ငါ​ခံ​ရ​၏။-

ယင်း​သို့​မြို့​ကို​ရန်​သူ​ပိုင်​ထား​စဉ်​ဆာ​လောင် ငတ်​မွတ်​သော​သူ​သည် ယဉ်​ကျေး​သော​သူ​ပင် ဖြစ်​လင့်​က​စား မိ​မိ​သား​သ​မီး​၏​အ​သား ကို​စား​လိမ့်​မည်။ သူ​သည်​မိ​မိ​ညီ​အစ်​ကို၊ ချစ် သော​ဇ​နီး၊ ကျန်​သော​သား​သ​မီး​တို့​အား ထို​အ​သား​ကို​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်။-

ငါ​၏​သက်​သေ​ခံ​နှစ်​ပါး​အား​ငါ​စေ​လွှတ် မည်။ သူ​တို့​သည်​လျှော်​တေ​အ​ဝတ်​ကို​ဝတ်​၍ ရက်​ပေါင်း​တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​တိုင် တိုင် ဗျာ​ဒိတ်​တော်​ကို​ဟော​ကြား​ကြ​လိမ့် မည်'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ