မဿဲ 11:6Common Language Bibleငါ၏အပေါ်၌ယုံမှားခြင်းကင်းသူတို့သည် မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊-
ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-
သို့ရာတွင်ညီအစ်ကိုတို့၊ အကယ်၍ ငါသည် အရေဖျားလှီးမင်္ဂလာကိုဆက်လက်ဟောပြော နေသည်ဟုဆိုသည်မှာမှန်လျှင် အဘယ်ကြောင့် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက်နေရပါသေး သနည်း။ အကယ်၍ယင်းသို့ဟောပြောသည်ဟု ဆိုသည်မှာမှန်လျှင် ခရစ်တော်၏လက်ဝါးကပ် တိုင်တရားတော်အကြောင်း ငါဟောပြောမှု သည်ဒုက္ခပေးလိမ့်မည်မဟုတ်။-