Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 11:12

Common Language Bible

ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​စ​တင်​ဟော​ပြော​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​ကောင်း​ကင်​နိုင်​ငံ တော်​သည် အ​ကြမ်း​ဖက်​သ​မား​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ရ​၏။ အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ထို နိုင်​ငံ​တော်​ကို​သိမ်း​ယူ​ရန်​ကြိုး​စား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

လူ့​သ​မိုင်း​တွင်​ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ဟု သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ တွင်​ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​သိမ်​ငယ်​ဆုံး​သော သူ​သည်​ယော​ဟန်​ထက်​ကြီး​မြတ်​၏။-

ယော​ဟန်​ပေါ်​ထွန်း​လာ​ချိန်​တိုင်​အောင်​ပ​ရော​ဖက် အ​ပေါင်း​နှင့်​မော​ရှေ​၏​ပ​ညတ်​ကျမ်း​က​နိုင်​ငံ တော်​အ​ကြောင်း​ကို​ဖော်​ပြ​ခဲ့​ကြ​ပေ​သည်။-

သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ သ​မျှ​သော​အ​မှု​တို့​ကို​လိုက်​နာ​ဆောင်​ရွက်​သင့် သည်​ဖြစ်​၍ ယ​ခု​ငါ့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ပါ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယော​ဟန်​သည် သ​ဘော​တူ​လေ​၏။

ကိုယ်​တော်​က ``သင်​တို့​သည်​ကျဉ်း​မြောင်း​သော တံ​ခါး​ပေါက်​ကို​ဝင်​ရန်​ကြိုး​စား​အား​ထုတ်​ကြ လော့။ လူ​အ​များ​ပင်​ထို​တံ​ခါး​ပေါက်​ကို​ဝင်​ရန် ကြိုး​စား​ကြ​လိမ့်​မည်။ သို့​သော်​ဝင်​နိုင်​စွမ်း​ရှိ​ကြ လိမ့်​မည်​မ​ဟုတ်​ဟု​သင်​တို့​အား​ငါ​ဆို​၏။-

``ယော​ဟန်​မ​ပေါ်​မီ​ကာ​လ​က​ပ​ညတ်​ကျမ်း နှင့်​ပ​ရော​ဖက်​ကျမ်း​များ​အာ​ဏာ​တည်​လျက်​ရှိ ၏။ ယော​ဟန်​ပေါ်​ပြီး​ချိန်​မှ​စ​၍​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​ကြေ​ညာ​ခဲ့​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း နိုင်​ငံ​တော်​သို့​အ​နိုင်​အ​ထက်​ဝင်​ကြ​ကုန်​၏။-

(ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​မ​ကြာ မ​ကြာ​ရေ​ကန်​သို့​ဆင်း​သက်​ကာ​ရေ​ကို​လှုပ်​ရှား လေ့​ရှိ​သ​ဖြင့် ထို​သူ​တို့​သည်​ရေ​လှုပ်​ရှား​မည်​ကို စောင့်​မျှော်​လျက်​နေ​ကြ​၏။ ယင်း​သို့​ရေ​လှုပ်​ရှား လာ​ပြီး​နောက် ဦး​စွာ​ပ​ထ​မ​ရေ​ကန်​တွင်း​သို့ ဆင်း​နိုင်​သူ​သည်​ရော​ဂါ​ပျောက်​သွား​လေ​သည်။)-

ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​နှင့်​ငါ​ရှိ​စဉ်​အ​ခါ က​သင်​တို့​သည်​ငါ့​စ​ကား​ကို​အ​စဉ်​နား​ထောင်​ခဲ့ ကြ​သည်​နည်း​တူ ယ​ခု​လည်း​ငါ​နှင့်​ဝေး​ကွာ​လျက် နေ​ချိန်​၌​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ပို​၍ ပင်​အ​ရေး​ကြီး​ပေ​သည်။ ဘု​ရား​သ​ခင်​၏​အ​ကြံ တော်​အ​တိုင်း​လိုက်​လျှောက်​လို​သော​စိတ်​နှင့်​လိုက် လျှောက်​နိုင်​သော​စွမ်း​အား​ကို သင်​တို့​အ​ထဲ​၌ အ​စဉ်​ပြု​ပြင်​လျက်​ရှိ​သည်​ဖြစ်​၍​သင်​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​စိမ့်​သော​ငှာ ကြောက်​ရွံ့ တုန်​လှုပ်​သော​စိတ်​နှင့်​လုပ်​ဆောင်​လျက်​နေ ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ