Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 10:5

Common Language Bible

တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား​သ​ခင်​ယေ​ရှု သည်​အောက်​ပါ​သြ​ဝါ​ဒ​များ​ကို​ပေး​၍​စေ​လွှတ် တော်​မူ​၏။ ``သင်​တို့​သည်​လူ​မျိုး​ခြား​များ​နေ​ထိုင် ရာ​ဒေ​သ​များ​နှင့်​ရှ​မာ​ရိ​မြို့​များ​သို့​မ​သွား ကြ​ဘဲ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​ဖိတ်​ကြား​ထား​သူ​များ​ထံ​သို့​မင်း စေ​တို့​ကို​လွှတ်​၍​ခေါ်​ဖိတ်​စေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​မ​လာ​လို​ကြ။-

``အို ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်၊ယော်​ဒန်​မြစ် တစ်​ဖက်​ကမ်း၊အိုင်​လမ်း​တစ်​လျှောက်၊ လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ဂါ​လိ​လဲ​ပြည်၊

တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ဦး​တို့​ကို​အ​ထံ​တော် သို့​ခေါ်​တော်​မူ​ပြီး​နောက် နှစ်​ယောက်​စီ​တွဲ​၍​မြို့ ရွာ​များ​သို့​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​အား​ညစ် ညမ်း​သော​နတ်​များ​ကို​နှိမ်​နင်း​နိုင်​သော​တန်​ခိုး အာ​ဏာ​ကို​အပ်​နှင်း​တော်​မူ​၏။-

ထို​နောက်​သ​ခင်​ဘု​ရား​သည်​အ​ခြား​သော တ​ပည့်​တော်​ခု​နစ်​ဆယ့်​နှစ်​ဦး​တို့​ကို​ရွေး​ချယ် ၍​နှစ်​ယောက်​စီ​တွဲ​ဖက်​စေ​လျက် ကိုယ်​တော်​တိုင် ကြွ​တော်​မူ​မည့်​မြို့​ရွာ​အ​သီး​သီး​သို့​သွား နှင့်​ရန်​စေ​လွှတ်​တော်​မူ​၏။-

သို့​ရာ​တွင်​ရှ​မာ​ရိ​အ​မျိုး​သား​တစ်​ယောက်​သည် ခ​ရီး​ပြု​လာ​စဉ်​သူ​နာ​ရှိ​ရာ​သို့​ရောက်​လာ​သော် သူ​နာ​ကို​မြင်​၍​သ​နား​ကြင်​နာ​စိတ်​ရှိ​သ​ဖြင့်၊-

ထို​နောက်​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​လျက် ကိုယ်​တော် ၏​ကျေး​ဇူး​တော်​ကြီး​လှ​ကြောင်း​ကို​လျှောက်​ထား​၏။ ထို​သူ​ကား​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ်​သ​တည်း။-

သ​ခင်​ယေ​ရှု​သည်​တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့ ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် နတ်​မိစ္ဆာ အ​ပေါင်း​ကို​နှင်​ထုတ်​နိုင်​သော​တန်​ခိုး​အာ​ဏာ နှင့် အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။-

ထို​နောက်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း ကို​ဟော​ပြော​ရန်​လည်း​ကောင်း၊ ဖျား​နာ​သူ​များ ကို​ကျန်း​မာ​အောင်​ကု​သ​ပေး​ရန်​လည်း​ကောင်း စေ​လွှတ်​တော်​မူ​၏။-

ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း သူ​တို့​ကို​ဤ​လော​က​ထဲ​သို့​စေ​လွှတ်​ပါ​၏။-

ထို​နောက်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​နည်း​တူ​သင်​တို့​ကို ငါ​စေ​လွှတ်​၏'' ဟု​မိန့်​တော်​မူ​၏။-

ကျွန်​မ​တို့​၏​ဘိုး​ဘေး​များ​သည်​ဤ​တောင် ပေါ်​မှာ ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ့ ရှိ​ကြ​ပါ​၏။ အ​ရှင်​တို့​ယုဒ​အ​မျိုး​သား​များ က​မူ​ယေ​ရု​ရှ​လင်​မြို့​၌​သာ ဘု​ရား​သ​ခင် ကို​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်​ဟု​ဆို​ကြ​ပါ​၏'' ဟု​လျှောက်​၏။

ရှု​ခါ​နာ​မည်​ရှိ​သော​မြို့​သို့​ရောက်​တော်​မူ​၏။ ထို​မြို့​သည်​ယာ​ကုပ်​က​သား​ယော​သပ်​အား ပေး​သည့်​မြေ​ယာ​အ​နီး​တွင်​တည်​ရှိ​၏။-

ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``သင်​သည်​ယု​ဒ အ​မျိုး​သား​တစ်​ယောက်​ဖြစ်​ပါ​လျက် ရှ​မာ​ရိ အ​မျိုး​သ​မီး​ဖြစ်​သူ​ကျွန်​မ​ထံ​မှ​သောက်​ရေ ကို​အ​ဘယ်​ကြောင့်​တောင်း​ပါ​သ​နည်း'' ဟု​မေး​၏။ (ဤ​သို့​မေး​ရ​သည့်​အ​ကြောင်း​မှာ​ယု​ဒ​အ​မျိုး သား​များ​သည် ရှ​မာ​ရိ​အ​မျိုးသား​တို့​၏​ခွက် ယောက်​များ​ကို​အ​သုံး​ပြု​လေ့​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။)

ယု​ဒ​အာ​ဏာ​ပိုင်​တို့​က ``ငါ​တို့​ရှာ​၍​မ​တွေ့​စေ​ရန် သူ​သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ပါ​မည်​နည်း။ ယု​ဒ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ဂ​ရိ​မြို့​များ​သို့​သွား​၍ ဂ​ရိ​အ​မျိုး​သား​တို့​အား​ဟော​ပြော​သွန်​သင်​ပါ မည်​လော။-

သူ​တို့​က ``သင်​သည်​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း၊ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း​ငါ​တို့​စွပ်​စွဲ​သည်​မှာ မ​မှန်​ပါ​လော'' ဟု​ဆို​ကြ​၏။

သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​သော​အ​ခါ​၌ သင်​တို့ သည်​တန်​ခိုး​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့်​မည်။ ထို အ​ခါ​သင်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ ပြည်​တစ်​ပြည်​လုံး​နှင့်​ရှ​မာ​ရိ​ပြည်​မှ​စ​၍ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​တိုင်​အောင် ငါ ၏​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ​များ​ဖြစ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

လူ​မျိုး​ခြား​တို့​သည်​လည်း​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဆု​ကျေး​ဇူး​ကို​ခံ​ယူ​ရ​ရှိ​ကြ သည်​ဖြစ်​၍ ပေ​တ​ရု​နှင့်​အ​တူ​လိုက်​လာ​ကြ သော​ယုံ​ကြည်​သူ​ယု​ဒ​အ​မျိုး​သား​တို့ သည်​လွန်​စွာ​အံ့​သြ​ကြ​၏။-

ထို​နေ့​မှ​စ​၍​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို ပြင်း​ထန်​စွာ​ခံ​ရ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် ယု​ဒ​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​များ​သို့​ကွဲ​လွင့် သွား​ကြ​ကုန်​၏။ တ​မန်​တော်​များ​သာ​လျှင် ကျန်​ရစ်​ခဲ့​ကြ​၏။-

သူ​တို့​သည်​ကယ်​တင်​ခြင်း​တ​ရား​ကို​လူ​မျိုး ခြား​တို့​အား ငါ​တို့​ဟော​ပြော​မှု​ကို​ပင်​လျှင် တား​ဆီး​ရန်​ကြိုး​စား​ကြ​သည်။ ဤ​အ​ပြစ် သည်​သူ​တို့​ကူး​လွန်​နေ​ကျ​ဖြစ်​သော အ​ပြစ်​များ​ကို ပြည့်​စုံ​အောင်​နောက်​ဆုံး ကူး​လွန်​သော​အ​ပြစ်​ဖြစ်​၏။ သို့​ဖြစ်​၍ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် လေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ