သားနှင့်အဖ၊ သမီးနှင့်အမိ၊ ချွေးမနှင့်ယောက္ခမ တို့ရန်ဖက်ဖြစ်စေရန်ငါလာသတည်း။-
``ညီအစ်ကိုချင်းတစ်ယောက်ကိုတစ်ယောက်သေစေ ရန်အပ်ကြလိမ့်မည်။ မိဘတို့သည်သားသမီးများ သေစေရန်အပ်ကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုတော်လှန်၍သတ်ဖြတ်စေကြလိမ့်မည်။-
ထိုအခါလူများစွာပင်မှောက်မှားလမ်းလွဲကြ လျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ကြလိမ့်မည်။-
လူတို့သည်ညီအစ်ကိုချင်းအားသေစေရန်အပ် ကြလိမ့်မည်။ အဖသည်လည်းသားအားသေစေ ရန်အပ်လိမ့်မည်။ သားသမီးတို့သည်မိဘများ ကိုတော်လှန်၍သတ်ဖြတ်စေကြလိမ့်မည်။-
ဖခင်နှင့်သား၊ မိခင်နှင့်သမီး၊ ယောက္ခမဖြစ် သူနှင့်ချွေးမအချင်းချင်းစိတ်ဝမ်းကွဲပြား လိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့အားမိဘဆွေမျိုးမိတ်သင်္ဂဟများက ရန်သူ့လက်သို့အပ်ကြလိမ့်မည်။ သင်တို့အနက် အချို့သောသူတို့ကိုသတ်ကြလိမ့်မည်။-