မဿဲ 10:28Common Language Bibleကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။- အခန်းကိုကြည့်ပါ။ |
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။-
ဘုရားသခင်တစ်ပါးတည်းသာလျှင်ပညတ် တရားတော်ကိုပေး၍စစ်ကြောစီရင်ပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင်ကယ်တင်ရန်သော်လည်းကောင်း၊ ဖျက် ဆီးရန်သော်လည်းကောင်းတတ်နိုင်တော်မူ၏။ သင်သည်အဘယ်သူဖြစ်၍မိမိ၏အိမ်နီး ချင်းကိုစစ်ကြောစီရင်ရသနည်း။