Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 10:18

Common Language Bible

သင်​တို့​သည်​ငါ့​အ​တွက်​ကြောင့်​အာ​ဏာ​ပိုင်​များ နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့် မည်။ သို့​ဖြစ်​၍​ထို​သူ​တို့​အား​လည်း​ကောင်း၊ လူ​မျိုး တ​ကာ​တို့​အား​လည်း​ကောင်း​ငါ​၏​အ​ကြောင်း သ​တင်း​ကောင်း​ကို​ကြေ​ညာ​ခွင့်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဆုံး​မ​သွန်​သင်​ခက်​မား​ကို​ဘု​ရင်​တို့​ရှေ့​တွင် ဖော်​ပြ​ကြေ​ညာ​ပါ​မည်။ ကွန်​တော်​မျိုး​သည်​အ​ရှက်​တ​ကွဲ​ဖြစ်​ရ​လိမ့်​မည် မ​ဟုတ်​ပါ။

သ​တိ​နှင့်​နေ​ကြ​လော့။ လူ​တို့​သည်​သင်​တို့​အား တ​ရား​ခုံ​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။-

ထို​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​သော​အ​ခါ​မည်​သို့ ပြော​ဆို​ရ​မည်၊ မည်​သည့်​စ​ကား​ကို​ပြော​ရ​မည်​ကို ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။-

သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​မိ​စေ​ရန်​သတိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ ကို​သွား​၍​သင်​၏​ကိုယ်​ကို​ပြ​လော့။ ထို​နောက်​လူ​တို့ ရှေ့​တွင်​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။

``သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ လူ​အ​ချို့​တို့ သည် သင်​တို့​ကို​တ​ရား​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။ သင် တို့​သည်​ငါ့​အ​တွက်​ကြောင့် အာ​ဏာ​ပိုင်​များ​နှင့် ရှင်​ဘု​ရင်​များ​၏​ရှေ့​မှောက်​သို့​ရောက်​၍ သ​တင်း ကောင်း​ကို​ကြေ​ညာ​ရ​ကြ​လိမ့်​မည်။-

သို့​ဖြစ်​၍​ငါ​တို့​သ​ခင်​ဘု​ရား​၏​အ​ကြောင်း တော်​ကို​သက်​သေ​ခံ​ရန်​မ​ရှက်​နှင့်။ ခ​ရစ်​တော် အ​တွက်​အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​၏​အ​တွက် လည်း​မ​ရှက်​နှင့်။ ဘု​ရား​သ​ခင်​ထံ​မှ​ခွန်​အား ကို​ရ​ရှိ​သည်​အ​တိုင်း​သ​တင်း​ကောင်း​အ​တွက် ငါ​နှင့်​အ​တူ​ဒုက္ခ​ခံ​လော့။-

ငါ​ကား​နိုင်​ငံ​တော်​သား​များ​ခံ​ရ​သည့်​ဆင်း ရဲ​ဒုက္ခ​ကို သင်​တို့​နှင့်​အ​တူ​သည်း​ခံ​နေ​ရ​သူ၊ သင်​တို့​၏​အစ်​ကို​ယော​ဟန်​ဖြစ်​၏။ ငါ​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့်​သ​ခင် ယေ​ရှု​ဖော်​ပြ​သက်​သေ​ခံ​သည့်​သမ္မာ​တ​ရား ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ပတ်​မု ကျွန်း​သို့​အ​ပို့​ခံ​ရ​၏။-

သို့​ရာ​တွင်​သူ​တို့​ဟော​ပြော​ကြေ​ညာ​သည့် အ​လုပ်​ပြီး​စီး​သော​အ​ခါ​၌ တွင်း​နက်​ကြီး ထဲ​မှ​သား​ရဲ​သည်​တက်​လာ​၍​သူ​တို့​အား တိုက်​ခိုက်​အောင်​မြင်​သတ်​ဖြတ်​ပစ်​လိမ့်​မည်။-

သိုး​သူ​ငယ်​တော်​သည်​ပဉ္စမ​ချိပ်​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ ဘု​ရား​သခင်​၏​နှုတ်​က​ပတ် တော်​ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း၊ သစ္စာ​နှင့်​သက်​သေ​ခံ​သည့်​အ​တွက် ကြောင့်​လည်း​ကောင်း​အ​သတ်​ခံ​ကြ​ရ​သူ​တို့ ၏​ဝိ​ညာဉ်​များ​ကို​ပလ္လင်​တော်​အောက်​တွင်​ငါ မြင်​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ