ရှောလမုန်၏သားသည်ရောဗောင်၊ ရောဗောင်၏သား မှာအဘိယ၊ အဘိယ၏သားကားအာသဖြစ်၏။-
သူသည်ကွယ်လွန်၍ဒါဝိဒ်၏မြို့၌သင်္ဂြိုဟ်ခြင်း ကိုခံရ၏။ သားတော်ရောဗောင်သည်နန်းတက် လေ၏။
ရောဗောင်ကွယ်လွန်သောအခါသူ့ကိုဒါဝိဒ်မြို့ တော်ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ (သူ၏မိခင် မှာအမ္မုန်ပြည်သူနေမဖြစ်၏။) သူ၏သားတော် အဘိယသည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
ရောဗောင်သည်မိမိ၏ရာဇအာဏာတည်မြဲ အောင်ဆောင်ရွက်ပြီးသောအခါ သူနှင့်သူ ၏ပြည်သူအပေါင်းတို့သည်ထာဝရ ဘုရား၏တရားတော်ကိုစွန့်ပယ်၍၊-
ယုတ်မာသူလူတစ်စုကိုစုရုံးလေသည်။ သူတို့ သည်ရှောလမုန်၏သားတော်ရောဗောင်အား မိမိ တို့ဆန္ဒရှိသည်အတိုင်းပြုလုပ်စေကြ၏။ ရော ဗောင်သည်နုနယ်၍အတွေ့အကြုံမရှိသူဖြစ် သဖြင့်သူတို့အားခုခံနိုင်စွမ်းမရှိပေ။-
သူကွယ်လွန်သောအခါသားတော်ရောဗောင် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။
အာသ၏သားသည်ယောရှဖတ်၊ ယောရှဖတ်၏သား မှာယဟောရံ၊ ယဟောရံ၏သားကားဩဇိဖြစ်၏။-
ယုဒရှင်ဘုရင်ဟေရုဒ်မင်းလက်ထက်၌ ဇာခရိ နာမည်ရှိသောယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ သည်အဘိယယဇ်ပုရောဟိတ်အဖွဲ့ဝင်ဖြစ်၏။ သူ၏ဇနီးကားဧလိရှဗက်ဟုနာမည်တွင်၏။ ဧလိရှဗက်သည်လည်းယဇ်ပုရောဟိတ်အနွယ် ဝင်ဖြစ်၏။-