Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 4:3

Common Language Bible

ဝံ​ပု​လွေ​မ​ပင်​လျှင်​မိ​မိ​သား​ငယ်​ကို​နို့​တိုက် ပြု​စု​တတ်​သော်​လည်း ငါ​၏​အ​မျိုး​သား​များ​မူ​ကား ငှက်​ကု​လား​အုတ်​များ​သ​ဖွယ်​မိ​မိ​တို့ သား​ငယ်​များ အ​ပေါ်​တွင်​ရက်​စက်​ကြ​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​နေ့​နံ​နက်​၌​ကျွန်​မ​သည်​အိပ်​ရာ မှ​နိုး​၍ က​လေး​ကို​နို့​တိုက်​မည်​ပြု​သော​အ​ခါ က​လေး​သေ​နေ​သည်​ကို​တွေ့​ရ​ပါ​သည်။ က​လေး ကို​သေ​ချာ​စွာ​ကြည့်​ရာ​ထို​က​လေး​သည် ကျွန်​မ​၏​က​လေး​မ​ဟုတ်​ကြောင်း​သိ​ရှိ​ရ ပါ​၏'' ဟု​လျှောက်​ထား​လေ​သည်။

မျှော်​စင်​များ​နှင့်​နန်း​တော်​အ​ဆောက်​အ​ဦး များ​သည်​တော​ခွေး​နှင့်​ခွေး​အ​များ​ဟောင်​ကြ သည့်​အ​သံ​ဖြင့် ပဲ့​တင်​ထပ်​လျက်​နေ​လိမ့်​မည်။ ဗာ​ဗု​လုန်​မြို့​အ​ပြစ်​ဒဏ်​သင့်​မည့်​နေ့​ရက်​ကာ လ​ရောက်​ရှိ​လာ​လေ​ပြီ။ ထို​မြို့​တည်​ရှိ​မည့် နေ့​ရက်​ကာ​လ​သည်​လည်း​ဆုံး​ခန်း​တိုင် ရောက်​လု​ပြီ။

နန်း​တော်​အ​ဆောက်​အ​ဦ​များ​နှင့်​တံ​တိုင်း ကာ​ရံ​ထား​သည့်​မြို့​အ​ပေါင်း​တို့​တွင် ဆူး ပင်​အ​မျိုး​မျိုး​ပေါက်​လျက် ခွေး​အ​များ​နှင့် ဇီး​ကွက်​များ​ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က ``မိ​ခင်​တစ်​ဦး​သည်​မိ​မိ​၏​ရင်​ခွင်​မှ​ရင် သွေး​ငယ်​ကို မေ့​လျော့​နိုင်​ပါ​မည်​လော။ မိ​မိ​ကိုယ်​ဝန်​ဆောင်​ခဲ့​သော​က​လေး​ကို​မ​ချစ်​ဘဲ နေ​နိုင်​ပါ​မည်​လော။ မိ​ခင်​ဖြစ်​သူ​သည်​က​လေး​ငယ်​ကို​မေ့​လျော့​သည် ဆို​စေ​ဦး၊ ငါ​သည်​သင်​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ လိမ့်​မည်​မ​ဟုတ်။

ရန်​သူ​တို့​သည်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ သူ တို့​အား​သတ်​ဖြတ်​ရန်​ကြိုး​စား​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​စား​ကြ​လိမ့်​မည်။ မိ​မိ​တို့​သား​သ​မီး များ​ကို​ပင်​စား​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို ပြော​ကြား​ရန်​ငါ့​အား​မိန့်​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား​ကြည့်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ဘယ်​ကြောင့်​ဤ​မျှ​ဒဏ်​ခတ်​တော်​မူ​သ​နည်း။ အ​မျိုး​သ​မီး​တို့​သည်​မိ​မိ​တို့​ချစ်​မြတ်​နိုး​သည့် သား​သ​မီး​များ​၏​အ​သား​ကို​စား​နေ​ကြ​ပါ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​များ​သည်​လည်း ဗိ​မာန်​တော်​အ​တွင်း​၌​ပင် အ​သတ်​ခံ​လျက်​နေ​ရ​ကြ​ပါ​၏။

ငါ​၏​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​သည် ကြောက်​မက်​ဖွယ်​ကောင်း​လှ​၏။ ချစ်​ခင်​ကြင်​နာ​တတ်​သော​မိ​ခင်​များ​ပင်​လျှင် မိ​မိ​တို့​သား​သ​မီး​များ​ကို​ပြုတ်​၍​စား​ကြ​၏။

ထို့​ကြောင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ​မိဘ​သည်​သား သ​မီး​တို့​ကို​စား​ကြ​လိမ့်​မည်။ သား​သ​မီး တို့​သည်​လည်း​မိ​ဘ​တို့​ကို​စား​ကြ​လိမ့်​မည်။ သင်​တို့​အ​နက်​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ် သူ​တို့​ကို​လည်း ငါ​သည်​အ​ပြစ်​ဒဏ်​ခတ် လျက်​အ​ရပ်​တ​ကာ​သို့​ပျံ့​လွင့်​စေ​မည်။''

သင်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​လှ​သ​ဖြင့် ကိုယ် သား​သ​မီး​တို့​၏​အ​သား​ကို​စား​ရ​ကြ​လိမ့် မည်။-

သြတ္တ​ပ္ပ​စိတ်​မ​ရှိ​ကြ။ က​တိ​မ​တည်​ကြ။ ကြင်​နာ​သ​နား​တတ်​သည့်​စိတ်​လည်း​မ​ရှိ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ