ပြောင်လက်သည့်ရွှေတို့သည်မှေးမှိန်၍ သွားလေပြီ။ ဗိမာန်တော်ကျောက်တို့သည်လည်း လမ်းများပေါ်တွင်ပြန့်ကျဲလျက်နေ၏။
အခါတစ်ပါးကသစ္စာရှိခဲ့သောမြို့သည် ယခုအခါပြည့်တန်ဆာအသွင်ကိုဆောင်လျက်နေပါသည်တကား၊ အခါတစ်ပါးကထိုမြို့တွင်သူတော်ကောင်းများနေထိုင်ခဲ့သော်လည်း ယခုအခါ၌သူသတ်သမားများသာလျှင်ကျန်ရှိနေတော့၏။-
အို နံနက်အရုဏ်၏သား၊ ဗာဗုလုန်ဘုရင်၊ ထွန်း လင်းတောက်ပသည့်မိုးသောက်ကြယ်၊ သင်သည် မိုးကောင်းကင်မှပြုတ်ကျရလေပြီ။ အတိတ် ကာလကသင်သည်လူမျိုးတကာကိုနှိမ် နင်းခဲ့၏။ သို့ရာတွင်ယခုအခါ၌မြေ ပေါ်သို့ပစ်ချခြင်းကိုခံရလေပြီ။-
သူသည်ဗိမာန်တော်နှင့်နန်းတော်ကိုလည်း ကောင်း၊ ယေရုရှလင်မြို့ရှိအရေးပါအရာ ရောက်သူလူအပေါင်းတို့၏နေအိမ်များကို လည်းကောင်းမီးရှို့ပစ်လေသည်။-
တစ်ညလုံးအကြိမ်ကြိမ်အဖန်ဖန်ထ၍ ထာဝရဘုရားထံတော်သို့အော်ဟစ်လော့။ ထာဝရဘုရားရှေ့တော်၌သင်၏စိတ်နှလုံးကို သွန်ချလျက်၊ သင်၏သားသမီးများအတွက် အသနားခံတောင်းပန်လော့။ သင့်သားသမီးများလမ်းဆုံလမ်းခွတိုင်းတွင် အစာငတ်၍သေရကြလေပြီ။
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ငါ၏အဖို့အသုံးမဝင် ကြ။ သူတို့သည်သတ္တုအရည်ကျိုမီးဖိုတွင် ငွေကိုချွတ်ပြီးနောက်ကျန်ရစ်သည့်ကြေးဝါ၊ သံဖြူ၊ သံ၊ ခဲနှင့်တူ၏။-
ထို့ကြောင့်ထာဝရဘုရားက``ငါသည် ရှမာရိမြို့ကိုကွင်းပြင်၌မြို့ပျက်ကဲ့ သို့လည်းကောင်း၊ စပျစ်ပင်စိုက်ရာအရပ် ကဲ့သို့လည်းကောင်းဖြစ်စေမည်။ ငါသည် မြို့ပျက်မှကျောက်တုံးကျောက်ခဲတို့ကို ချိုင့်ဝှမ်းထဲသို့သွန်ချ၍မြို့အောက်ခြေ ကိုလှန်ပစ်မည်။-
ကိုယ်တော်က ``ဤအဆောက်အအုံအပေါင်းကို သင်တို့မြင်ကြသည်မဟုတ်လော။ အမှန်အကန် သင်တို့အားငါဆိုသည်ကား ဤအဆောက်အအုံ တို့သည်ကျောက်တစ်တုံးပေါ်တစ်တုံးတင်၍ မကျန်ရစ်သည်တိုင်အောင်ပြိုပျက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သခင်ယေရှုက ``ဤအဆောက်အအုံကြီးများ ကို ယခုသင်မြင်သည်မဟုတ်လော။ ယင်းအဆောက် အအုံများမှကျောက်တုံးအားလုံးပင်ပြိုကျ ရလိမ့်မည်။ ကျောက်တစ်တုံးမျှမူလနေရာတွင် ကျန်ရစ်လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။