Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:49

Common Language Bible

``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​ငါ တို့​အား ကြည့်​တော်​မူ​၍​မြင်​တော်​မူ​သည်​တိုင်​အောင် ငါ​၏​မျက်​ရည်​များ​သည်​မ​ရပ်​မ​နား​စီး​လျက် နေ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

ဒုက္ခ​ရောက်​ချိန်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ တစ်​ည​လုံး​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ သို့​ရာ​တွင်​စိတ်​သက်​သာ​ရာ​မ​ရ​နိုင်​ပါ။

ငါ​၏​ကြေ​ကွဲ​မှု​ကို​ပြည်​သူ​တို့​အား​ဤ​သို့ ပြော​ပြ​ရန်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့် ပေး​တော်​မူ​၏။ ``ငါ​၏​မျက်​စိ​များ​သည်​နေ့​ညဥ့်​မ​ပြတ် မျက်​ရည်​ထွက်​လျက်​နေ​ပါ​စေ​သော။ ငါ့​အ​မျိုး​သား​တို့​သည်​ပြင်း​စွာ ဒဏ်​ရာ​ရ​လျက် များ​စွာ​နာ​ကျင်​လျက်​ရှိ​သ​ဖြင့်၊ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ​အ​ငို​မ​တိတ်​နိုင်​ဘဲ​ရှိ​ပါ​စေ​သော။

``ထို့​ကြောင့်​ငါ​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် ယို​စီး​၍​နေ​ပေ​သည်။ ငါ့​အား​အ​ဘယ်​သူ​မျှ​နှစ်​သိမ့်​မှု​ကို​မ​ပေး​နိုင်။ အ​ဘယ်​သူ​မျှ​စိတ်​အား​တက်​ကြွ​လာ​အောင် မ​ပြု​နိုင်။ ရန်​သူ​များ​သည်​ငါ​တို့​ကို​အ​နိုင်​ရ​ကြ​လေ​ပြီ။ ငါ​၏​လူ​တို့​တွင်​လည်း​အ​ဘယ်​ဥစ္စာ​ပစ္စည်း​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။''

အို ယေ​ရု​ရှ​လင်​မြို့၊ သင်​၏​မြို့​ရိုး​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အော်​ဟစ်​စေ​ပါ​လော့။ မြစ်​များ​သ​ဖွယ်​သင်​၏​မျက်​ရည်​များ​ကို နေ့​ရော​ည​ပါ​စီး​ဆင်း​စေ​ပါ​လော့။ သင်​သည်​ငို​ကြွေး​မှု​ဝမ်း​နည်း​ကြေ​ကွဲ​မှု တို့​ဖြင့် မိ​မိ​ကိုယ်​ကို​နွမ်း​နယ်​စေ​ပါ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ