Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:45

Common Language Bible

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကမ္ဘာ့​အ​လယ်​တွင်​အ​ညစ်​အ​ကြေး​အ​မှိုက်​ပုံ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

မြို့​ကို​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ကာ​လက်​ခုပ်​တီး​ကြ​၏။ သူ​တို့​သည်​ဦး​ခေါင်း​ကို​ခါ​လျက်​ယေ​ရု​ရှ​လင် မြို့​ပျက်​ကို​ပြက်​ရယ်​ပြု​ကြ​၏။ ``နှစ်​လို​ဖွယ်​ကောင်း​သည့်​မြို့​ကား​ဤ​မြို့​ပေ​လော။ ကမ္ဘာ​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သော​မြို့​ကား ဤ​မြို့​ပေ​လော'' ဟု​ပျက်​ရယ်​ပြု​ကြ​၏။

လူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း​ငါ့​ကို ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ငါ​သည်​လူ​များ​အ​တွက်​ရယ်​စ​ရာ​ဖြစ်​၍ နေ​တော့​၏။

``ကျွန်​တော်​မျိုး​တို့​သည်​ရန်​သူ​များ​၏​စော်​ကား ပြောင်​လှောင်​မှု​ကို​ခံ​ရ​ကြ​ပါ​၏။

စော်​ကား​ခြင်း​ကို​ခံ​ရ​သော​အ​ခါ​မေတ္တာ​ပို့ ကြ​၏။ ငါ​တို့​ကား​ယ​ခု​တိုင်​အောင်​လော​က ၏​အ​ညစ်​အ​ကြေး၊ လူ​တ​ကာ​စွန့်​ပစ်​သည့် အ​မှိုက်​ကဲ့​သို့​ဖြစ်​ကြ​၏။

သင်​တို့​အား​ငါ​ယ​နေ့​ဆင့်​ဆို​သော​ပ​ညတ် များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း လျှင် သင်​တို့​သည်​နိုင်ငံ​များ​၏​နောက်​လိုက်​မ​ဖြစ် ဘဲ​ခေါင်း​ဆောင်​နေ​ရာ​၌​နေ​ရ​လိမ့်​မည်။ သင် တို့​သည်​စီး​ပွား​မ​ကျ​ဆင်း​ဘဲ အ​စဉ်​အ​မြဲ တိုး​တက်​လိမ့်​မည်။-

သင်​တို့​ကို​အပြည်​ပြည်​သို့​ကွဲ​လွင့်​စေ​တော် မူ​သော​အ​ခါ ယင်း​ပြည်​သား​တို့​သည်​သင် တို့​၏​အ​ဖြစ်​ကို​မြင်​၍​ထိတ်​လန့်​ကြ​လိမ့် မည်။ သင်​တို့​အား​ပြောင်​လှောင်​သ​ရော်​ကဲ့​ရဲ့ ရှုတ်​ချ​ကြ​လိမ့်​မည်။

သူ​တို့​သည်​သင်​တို့​အား​ငွေ​ချေး​နိုင်​ကြ​မည် ဖြစ်​သော်​လည်း သင်​တို့​၌​မူ​ကား​သူ​တို့​အား ချေး​နိုင်​စွမ်း​ရှိ​မည်​မ​ဟုတ်။ သူ​တို့​သည်​သင် တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​၍ သင်​တို့​သည် သူ​တို့​၏​တပည့်​များ​ဖြစ်​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ